Jin စကားအရှည်ကြီးပြောပြီး သက်ပြင်းချလိုက်မိသည်။ သူ Soon Young ဘက်ကို ကြည့်လိုက်တော့ သူမက ပန်းခင်းကြီးကိုသာ ငေးနေလေသည်။
"တောင်းပန်ပါတယ် … ကိုယ် စကားပြောရှည်သွားတာနဲ့ Soon Young ပျင်းနေပြီထင်တယ်"
"မဟုတ်ပါဘူး …… စိတ်ဝင်စားဖို့ကောင်းဖို့ကောင်းပါတယ် …… ဒါပေမယ့်လေ ခုလိုလုပ်တာကတော့ နည်းနည်း ရူးသွပ်သလားလို့ …… သူ့ဘဝကြီးရဲ့ ကျန်တဲ့ အစိတ်အပိုင်း တစ်ခုလုံးကြီး နစ်မြုပ်သွားရတာလေ"
"အဲ့ဒါက ရူးသွပ်တယ်လို့ ယူဆလို့ရသလို …… အချစ်ကြီးတယ်လို့လည်း ယူဆလို့ရတယ် …… အချစ်နဲ့ ပတ်သက်လာရင် လူတွေက နည်းနည်းတော့ ရူးသွပ်တတ်ကြတာပဲလေ"
Soon Young …… Jin ပြောတဲ့ စကားတွေကို စဉ်းစားရင်း ပြုံးကာ
"Jin ပြောတာလည်း ဟုတ်တော့ဟုတ်ပါတယ် …… အချစ်က ဆန်းကြယ်တယ် …… ဒါပေမယ့် ကျွန်မကတော့ အချစ်က ကိုယ့် ဘဝကို ထိန်းချုပ်သွားတာမျိုး မကြိုက်ဘူး …… ခုပဲ ကြည့်လေ အဲ့ဒါ သူ့ဘဝတစ်ခုလုံးကို အချစ်က ထိန်းချုပ်သွားတာ"
သူမ ရဲ့ ကိုယ်ပိုင်အယူအဆတွေနဲ့ ငြင်းနေတဲ့ သူမကို Jin သဘောကျစွာ ရယ်လိုက်မိသည်။
"Jin က ဘာလို့ရယ်တာလဲ"
"Soon Young အယူအဆတွေကို သဘောကျလို့ပါ"
"Jin လှောင်နေတာ မဟုတ်လား"
"arr …… တကယ် မဟုတ်ရပါဘူး …… "
Soon Young က Jin ကို မယုံသင်္ကာနှင့် မျက်လုံးလေးမှေးကာ ကြည့်လိုက်တော့ Jin ပြုံးပြီး မသိချင်ယောင်ဆောင်ကာ ရှေ့ဆက်သွားလိုက်၏။ ဒီကောင်မလေးကြောင့် ရင်ခုန်ရလွန်းလို့ ကြာရင် သူရူးသွားနိုင်သည်။ ချစ်တဲ့စိတ်ကြောင့်လားတော့ မသိ သူမရဲ့အပြုအမူတိုင်းက သူ့အတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်လို့နေသည်။ ခဏနေတော့ Soon Young တိတ်ဆိတ်စွာနှင့် Jin နောက်က လိုက်လာလေသည်။ Jin သူမ သူ့ကို မှီလာတဲ့ အထိ ရပ်စောင့်နေလိုက်၏။ သူမက သူ့နားရောက်တော့
"Jin …… ဟိုအိမ်လေးကို မသွားဘူးလား"
"Soon Young သွားချင်လို့လား …… ကိုယ်က သွားချင်ပေမယ့် Soon Young လမ်းမလျှောက်နိုင်မှာ စိုးလို့"
String (Part 12)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)