"Soon Young ဘာတွေစဉ်းစားနေတာလဲ ကားပေါ်တက်လေ"

"arr …… nae "

သူကတော့ ဒီအဝတ်အစား ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမထူးဆန်းသလို ရှိနေတာကြောင့် သူမ လည်း ကားရှေ့ခန်းမှာ ဝင်ထိုင်ကာ

"ဒီနေ့ ဘယ်တွေသွားမှာလဲ Jin"

" Soon Young က လူရှုပ်တာ မကြိုက်ဘူး မဟုတ်လား …… အေးအေးဆေးဆေးနဲ့ ရှုခင်းကောင်းတဲ့ နေရာပဲ သွားကြတာပေါ့ …… လောလောဆယ်တော့ ဗိုက်ဆာလို့ မနက်စာ သွားစားကြမယ်"

"အင်း …… ကျွန်မလည်း ဘာမှ မစားခဲ့ရသေးဘူး …… ကျွန်မ ဝယ်ကျွေးမယ် ……ဆိုင်ကိုတော့ Jin သဘောကျတဲ့ ဆိုင်ရွေးလိုက်လေ"

Jin ခေါင်းညိမ့်ကာ သဘောတူလိုက်ရင်း မနက်စာ ကောင်းကောင်းရနိုင်တဲ့ ဆိုင်လေးဆီသို့ မောင်းထွက်လာခဲ့တော့သည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

"wow လှလိုက်တာ …… အရမ်းပဲ"

ရောင်စုံပန်းခင်းကြီးကို ကြည့်ကာ ပျော်နေတဲ့ Soon Young ကို ကြည့်ရင်း Jin ပြုံးနေမိ၏။

"အရမ်းလှတာပဲနော် Jin … ဒီလိုနေရာမျိုးရှိမှန်း မသိခဲ့ဘူး"

"ကိုယ်လည်း အလုပ်နဲ့ ခရီးထွက်ရင်းနဲ့ တွေ့တာ …… ဟိုးက တွေ့နေရတဲ့ အိမ်လေးက ဒီပန်းခင်းပိုင်ရှင်ရဲ့အိမ်လေ …… သူက အရင်တုန်းက အချမ်းသာဆုံးစာရင်းဝင် တစ်ယောက်ပဲ …… အခုတော့ သေသွားတဲ့ သူ့ချစ်သူရဲ့ စိတ်ကူးကို အကောင်အထည်ဖော်ပေးချင်လို့ …… သူ့အလုပ်တွေကနေ အနားယူပြီး စိုက်ပျိုးရေးပဲ လုပ်နေတာ တော်တော်ကြာပြီ"

Jin စကားကို Soon Young စိတ်ဝင်စားသွားမိသလို ဒီလောက်ရူးသွပ်တဲ့ သူလည်းရှိသေးတာပဲဟုလည်း တွေးလိုက်မိ၏

"သူ့ ချစ်သူရဲ့ စိတ်ကူးကို အကောင်အထည်ဖော်တာ ဟုတ်လား???"

"အင်း …… သူတို့ဇာတ်ကြောင်းက လွမ်းစရာပါ … အဲ့ဒီ့ ဦးလေး ငယ်ငယ်က သူ့မှာ အရမ်းချစ်ရတဲ့ ချစ်သူ တစ်ယောက်ရှိခဲ့တယ် ……  နှစ်ဖက်မိဘတွေက စီးပွါးပြိုင်ဖက်တွေဆိုတော့ သဘောမတူခဲ့ကြဘူး…… သူ့မိဘတွေ နိုင်ငံခြားကို အတင်းလွှတ်လို့ ထွက်သွားရတဲ့ အချိန်မှာ သူ့ချစ်သူက အခြားသူ တစ်ယောက်နဲ့ လက်ထပ်သွားခဲ့တယ် …… သူပြန်ရောက်လာတော့ သူ့ချစ်သူရဲ့ အိမ်ထောင်ရေး အဆင်မပြေတာတွေကို ကြားခဲ့ရပေမယ့် ဘေးနားကနေ ထိုင်ကြည့်ယုံကလွဲလို့ …… ဘာမှမကူညီပေးနိုင်ခဲ့ဘူး …… နောက်ပိုင်း သူ့ချစ်သူဆုံးသွားတော့ သူအရမ်းကို ခံစားခဲ့ရတယ် …… အဲ့ဒါကြောင့်လည်း အားလုံးကို စွန့်လွှတ်ပြီး သူ့ချစ်သူရဲ့ ဆန္ဒကို အကောင်အထည်ဖော်ပေးရင်း အေးအေးဆေးဆေးနေဖို့ပဲ ဆုံးဖြတ်ချက်ချခဲ့တယ်တဲ့လေ …… ဟူးးး … မိဘတွေရဲ့ အတ္တတွေ မာန်မာနတွေကြောင့် ကြားထဲက ချစ်သူနှစ်ယောက် မဝေးသင့်ဘဲဝေးခဲ့ကြရတာ"

String [Completed]Where stories live. Discover now