xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Soon Young မှန်ရှေ့မှာ အဝတ်တွေ တစ်စုံပြီး တစ်စုံလဲကာ စိတ်တိုင်းမကျဖြစ်နေမိသည်။ ရွေးမရတဲ့အဆုံး T shirt ပန်းရောင် ခပ်ပွပွ တစ်ထည်ကို ဂျင်းဘောင်းဘီရှည်ဖြင့် တွဲကာဝတ်လိုက်၏။
"Aish!!!! ငါလည်း ဒီအဝတ်အစား အတွက်နဲ့ ဘာတွေ စိတ်ရှုပ်ခံနေမှန်းကို မသိဘူး"
သူမကိုယ်သူမ မကျေမနပ်ဖြင့် ရေရွတ်ရင်း အိတ်ကိုဆွဲကာ အိမ်အောက်ထပ်ဆီသို့ ဆင်းလာခဲ့သည်။ အိမ်အောက်ရောက်တော့ အဖေနှင့် Hyeri တို့ သားမိက ထမင်းစားပွဲဝိုင်းမှာ ထမင်းလက်ဆုံ စားနေကြလေသည်။ သူမ ဆင်းလာတာကို မြင်သွားတော့ အဖေက
"Soon Young … ထမင်း လာစားလေ"
သူမ Hyeri တို့ သားမိဘက် တချက်ကြည့်မိ၏။ သူမ မိထွေးကတော့ ငြိမ်နေပေမယ့် Hyeri ကတော့ သူမကို စောင်ကြည့်လျက် ……… သူမလည်း သူတို့နဲ့ ပြဿနာ မတက်ချင်တာကြောင့် ……
"နေပါစေ …… သမီး အပြင်သွားစရာရှိလို့ သွားတော့မယ်"
"စားပြီးမှ သွားပေါ့"
"ရပါတယ် အဖေ …… သူငယ်ချင်းနဲ့ မနက်စာ စားဖို့ချိန်းထားလို့ပါ"
သူမ ပြောပြီး အဖေ့ကို နှုတ်ဆက်ကာ ထွက်လာခဲ့မိသည်။ သူမ မိသားစု ထမင်းဝိုင်းထဲက အပယ်ခံရတာ ကြာပြီပေါ့ …… ဟုတ်ပါတယ်လေ … သူမက သူတို့မိသားစု ဝင်မှ မဟုတ်တာ …… Hyeri တို့ သားအမိ ရောက်စတုန်းကတော့ အတူတူစားဖြစ်ပေမယ့် …… နောက်ပိုင်း Hyeri နဲ့ သူမ အမေက မကြိုက်တဲ့ ပုံစံတွေ ဖြစ်လာတာကြောင့် …… တစ်ယောက်တည်း စားဖြစ်တာက များသည်။ ဒီအကြောင်းတွေကို အဖေကတော့ မသိ … သူမဘက်က သူတို့သားအမိကို ခွဲခြားဆက်ဆံချင်လို့ ဟူ၍သာ ထင်နေလေသည်။ သူမ စိတ်ရှုပ်စရာ အတွေးတွေကို ခေါင်းထဲက မောင်းထုတ်ပစ်လိုက်ကာ ခြံရှေ့ထွက်ခဲ့တော့ Jin က ရောက်နှင့်နေလေပြီ ……
Jin ကိုမြင်တော့သူမ အံ့အားသင့်သွားရ၏။ သူလည်း သူမနည်းတူ T shirt ပန်းရောင်နှင့် Jean ဘောင်းဘီအရှည်ကို တွဲဝတ်ထားလေသည်။ သူ သူမကိုမြင်တော့ အံ့သြသွားပုံရသည် …… သူက ရယ်လျက် …
"တိုက်တိုက်ဆိုင်ဆိုင် …… နှစ်ယောက်လာတူနေပါလား"
သူက ဘာရယ်မဟုတ်ပြောလိုက်ပေမယ့်Soon Young သူမကိုယ် သူမ ပြန်ငုံ့ကြည့်ရင်း မရည်ရွယ်ပါဘဲ စုံတွဲတွေလို Couple shirt ဖြစ်နေတာကို တွေးမိပြီး မျက်နှာမထားတတ်အောင် ရှိနေလေသည်။ ဒီပုံစံနဲ့သာ လျှောက်သွားလို့ကတော့ သူမတို့နှစ်ယောက်ကို ချစ်သူလို့အထင်ခံရမှာ မလွဲ ……… သူမ ပြန်လဲရင်ကောင်းမလား ဒါမှမဟုတ် ဒီအတိုင်းသွားရင်ကောင်းမလား စဉ်းစားနေစဉ် ……
String (Part 12)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)