***Chal Lin ရယ် နင်နဲ့ ပတ်သက်ရင် အမြဲတမ်း ငါ့ဖက်က အလျော့ပေးပြီးသားပါ ****
xxxxxxxxxxxxxxxxxxxxxxxxx
အခုတလော Soon Young နှင့် သူ တော်တော်လေး အဆင်ပြေလာတာကြောင့် Jin ဝမ်းသာနေမိသည်။ ဒီအခြေအနေလောက်ဆိုရင် သူမရင်ထဲမှာ သူနဲ့ပတ်သက်တဲ့ ခံစားချက်တစ်စုံတစ်ရာတော့ ရှိနေလောက်ပြီ ဟူ၍လည်း သူ ယုံကြည်မိသည်။ ဒီနေ့လည်း Soon Young နှင့် ဓါတ်ပုံလိုက်ရိုက်ဖို့ချိန်းထားတာကြောင့် သူ ခပ်မြန်မြန်ပြင်ဆင်ကာ အိမ်အောက်ထပ်သို့ ဆင်းလာခဲ့၏။
"သား ……မနက်စာ မစားဘဲ ဒါက ဘယ်သွားဦးမှာလဲ"
Jin အပြင်ထွက်ခါနီးတွင် လှမ်းမေးလိုက်တဲ့ အမေ့စကားကြောင့် အပြင်သွားမယ့် ခြေလှမ်းတွေကို ရပ်ကာ အမေ့နား လျှောက်သွားလိုက်၏။
"သားကို ကြည့်ရတာ အခုတလော အပြင်အရမ်းထွက်နေသလိုပဲ ဘာလဲ ချစ်သူရှိနေပြီလား"
Jin ပြန်ဖြေရန် ပြင်လိုက်စဉ်မှာပင် အိမ်ပေါ်ထပ်က ဆင်းလာတဲ့ Jimin က
"ဟုတ်တယ် အမေရေ …… Hyung က ချစ်သူ ရတော့မှာ"
"သားငယ် ပြောတာ တကယ်လား သား …… ကောင်မလေးက ဘယ်ကလဲ"
"ညီ အခုလုပ်နေတဲ့ ဆေးရုံကပါ …… ညီနဲ့ တစ်တန်းထဲကပဲ"
"ဒါဆို သား ထက်ငယ်မှာပေါ့ … ငယ်တာဆိုရင်တော့ အမေ သိပ်သဘောမကျဘူး … ပြီးတော့ သားငယ်နဲ့လည်း တူတူပဲ ဆိုတော့ ……"
အမေ့စကားကြောင့် Jin မျက်နှာပျက်သွားမိသည်။ ဒါကို သိလိုက်တဲ့ Jimin က
"arr … အမေကလည်း …… ငယ်တော့ ပိုကောင်းတာပေါ့ ……မယုံရင်ကြည့် …… အမေတွေ့ရင် သဘောကျသွားမှာ…… Soon Young က အနေအေးပြီး လှလည်းလှတယ် … စိတ်ရင်းလည်း ကောင်းပါတယ်"
"အင်းလေ … စိတ်ရင်းကောင်းရင်တော့လည်း မဆိုးလှပါဘူး …… သားကြီး သွားတော့လေ …… ချိန်းထားတာ မဟုတ်လား"
"ဟုတ် …… အမေ …… Hyung သွားပြီနော် ညီ"
"သွားတာတော့သွားတာပေါ့ ပြီးရင် အဆင်ပြေ အောင်လည်း လုပ်ခဲ့ဦး ကြာရင် သူများနောက်ပါသွား ဦးမယ်"
ရွှတ်နောက်နောက်ပြောလိုက်တဲ့ Jimin စကားကို ရယ်လျက် ကားမောင်းကာ ထွက်လာခဲ့၏။
String (Part 12)
Magsimula sa umpisa
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)