"Chal Lin ရောက်နေတာကို အိမ်ထဲ မဝင်သေးဘဲ ဘာလုပ်နေတာလဲ"

Taehyung က သူမ ဘေးနားဝင်ထိုင်ရင်း သူမ ပေါင်ပေါ်ခေါင်းတင်ကာ လှဲချလိုက်၏။

"Yah …… Kim Taehyung ဘာလုပ်တာလဲ …… ဖယ်"

အတင်းဆွဲဖယ်နေတဲ့ သူမ လက်တွေကို Taehyung ချုပ်ထားကာ

"ခဏပါပဲ Chal Lin ရာ …… အဖြစ်သည်းလိုက်တာ … ငါ တစ်နေကုန် နင့်အိမ်ကို သန့်ရှင်းရေး လုပ်ပေးရတာ ပင်ပန်းလို့ပါ"

သူမ ငြိမ်နေလိုက်တော့ သူက သူမ လက်တွေကို လွှတ်ကာ မျက်လုံးလေးမှိတ်နေလေသည်။ သူမ သေချာကြည့်မိမှ သူ့မျက်နှာမှာ ဆေးဖြူဖြူတွေက ဟို တစ်ကွက် ဒီတစ်ကွက် ပေနေလေသည်။

"Tae Tae …… နင် ဘာတွေလုပ်ထားတာလဲ မျက်နှာမှာလည်း ပေလို့"

"နင့် အခန်းကို နံရံကပ်စက္ကူလဲ ပေးထားတာ"

"ဘာ!!!"

သူမ ပေါင်ပေါ်မှာ အိပ်နေတဲ့ သူ့ကို တွန်းချလိုက်တော့ ခုံအောက်ကို ပြုတ်ကျသွားလေသည်။ Taehyung က သူ့ကျောကို ပွတ်ရင်း ထထိုင်ကာ

"ဘာဖြစ်ရတာလဲ နင်ကလည်း"

"နင် ဘာလို့ ဒီလို ပိုက်ဆံအလကား ကုန်မယ့် ကိစ္စတွေ လျောက်လုပ်ရတာလဲ"

"နင့်အခန်းက နံရံကပ်စက္ကူတွေက ဟောင်းနေပြီလေ"

"အဲ့ဒီ့တော့ ဘာဖြစ်လဲ …… အခုတော့ အလကား သပ်သပ် ပိုက်ဆံကုန်အောင်"

"နင်ကလည်း ပိုက်ဆံကုန်တာက ငါပါ … ပြီးတော့ ငါကိုယ်တိုင် စေတနာနဲ့ကပ်ပေးတာပါ … ကျေးဇူး အတင်မခံရတဲ့ အပြင် တွန်းချတောင်ခံရသေးတယ် …… Chal Lin နင်ကလေ ငါ့ကိုဆို ဘယ်တော့မှ အကောင်းမမြင်ဘူး …… တော်ပြီ နောက်ဆို နင်နဲ့ပတ်သက်ရင် ငါဘာမှမလုပ်ပေးတော့ဘူး … ကျေနပ်တယ် မဟုတ်လား"

Taehyung မျက်နှာ စူပုတ်ကာပြောလိုက်တော့မှ သူမ ငြိမ်သွားကာ

"တောင်းပန်ပါတယ် …… ငါက နင့်ပိုက်ဆံပဲဖြစ်ဖြစ် ငါ့ပိုက်ဆံပဲဖြစ်ဖြစ် အလဟဿ မကုန်စေချင်လို့ပါ ……စိတ်မဆိုးပါနဲ့နော်"

သူမ ဘက်က ဒီလိုပြောလာပြန်တော့ Taehyung မနေနိုင် စိတ်လျော့ကာ ကျေနပ်ရပြန်သည်။

String [Completed]Where stories live. Discover now