Jimin တစ်ယောက် အလုပ်ဆင်းတာနဲ့ ချက်ခြင်း Chal Lin ပြန်လာမယ့် လမ်းကနေ သွားစောင့်နေမိ၏။ သူ့ရင်ထဲက မရှင်းတာတွေကို ဒီနေ့တော့ အပြတ်ရှင်းကို ရှင်းရပေမည်။ တော်တော်လေးကြာတော့ Chal Lin လမ်းလျှောက်လာတာကို တွေ့လိုက်ရတာလေသည်။
"Chal Lin ခဏလေး ပြောစရာရှိတယ်"
Jimin …… Chal Lin ရှေ့ကနေ ပိတ်ရပ်လိုက်တော့ သူမက သူ့ကို မော့ကြည့်လာလေသည်။
"ကျွန်မမှာ ရှင်နဲ့ပြောစရာ စကားမရှိဘူးလို့ အကြိမ်ကြိမ်ပြောခဲ့ပြီးပြီပဲ ဒါနဲ့တောင် ရှင့်ဖက်က ပြောစရာတွေ မကုန်သေးဘူးလား"
"မကုန်သေးဘူး …… နေ့လည်က ပန်းခြံမှာ မင်းနဲ့ အတူတွေ့ခဲ့ရတဲ့ တစ်ယောက် အကြောင်း သိချင်တယ်"
"အဲ့ဒါ ရှင်နဲ့ ဘာဆိုင်လို့လဲ …… ရှင့်ကို ကျွန်မ ဒီလောက်အထိ သီးခံပေးနေတာတောင်မှ အတော်လွန်နေပြီကို ရှင်က ကျွန်မ ကိုယ်ရေးကိုယ်တာတွေပါ လိုက်စွက်ဖက်ချင်နေသေးတာလား"
"သူက မင်းရဲ့ ချစ်သူလား"
"ဟုတ်တော့ ဘာဖြစ်လို့လဲ"
Chal Lin ခပ်ဆတ်ဆတ်ဖြေလိုက်တော့ Jimin သူမရဲ့ ပုခုံးနှစ်ဖက်ကို တင်းကြပ်စွာဆုပ်ကိုင်ကာ သူမကို စူးစူးစိုက်စိုက်ကြည့်လိုက်၏။ အစကတော့ Chal Lin လန့်သွားကာ ရုန်းမိပေမယ့် တဖြည်းဖြည်း Jimin မျက်လုံးတွေ အရောင်ဖျော့လာကာ သူမ ပုခုံးကို ဆုပ်ကိုင်ထားတဲ့ လက်တွေ လျော့လာတော့ သူမ ငြိမ်နေလိုက်မိသည်။
"ကိုယ်တောင်းပန်ပါတယ် …… ကိုယ့်ကို အမှန်အတိုင်းဖြေပေးပါကွာ …… ကိုယ့်ရင်တွေ ပူလွန်းလို့ပါ"
သူမ သူ့မျက်နှာကို သေချာကြည့်လိုက်မိတော့ သူ့မျက်လုံးတွေက မျက်ရည်ကြောင့် အရောင် တွေလဲ့နေလေသည်။ ဦးနှောက်က ဖြေရှင်းချက်မပေးဖို့ အတန်တန်တားပေမယ့် နှုတ်မှ သစ္စာမရှိစွာပင် ……
"အဲ့ဒါ ကျွန်မ သူငယ်ချင်း …… ရှင် သိချင်တာ ဒါပဲ မဟုတ်လား …… ကျွန်မ သွားတော့မယ်"
သူမ ပုခုံးကို ဆုပ်ကိုင်ထားတဲ့ သူ့လက်တွေကိုဖယ်ကာ သူမ သူ့ရှေ့က အမြန်ထွက်လာခဲ့လိုက်သည်။ သူ ကတော့ ဆက်လိုက်မလာတော့ပေ။ သူမ အိမ်ရောက်တော့ ချက်ခြင်းအိမ်ထဲ မဝင်သေးဘဲ အိမ်ရှေ့က ခုံတန်းလေးမှာ ထိုင်ချလိုက်မိသည်။ Jimin စစချင်း ဖွင့်ပြောလာတုန်းကတော့ သူမကို အထင်သေးတယ်လို့ ထင်ကာ မုန်းမိခဲ့ပေမယ့် နောက်ပိုင်း သူ အတင်းမရမက လိုက်တောင်းပန်တာတွေကြောင့် သူမ သူ့အပေါ်မှာ စိတ်ပြေသွားသလို သူ့စိတ်ကို နားလည်သွားမိတာတော့ အမှန်ပင်။ သူမ သူ့ကို ချစ်လား မချစ်ဘူးလား ဆိုတာကတော့ သူမကိုယ်တိုင်တောင် သေချာမသိ။
String (Part 12)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)