Chal Lin ထိတ်တလန့်လန့် နှင့်ပင် ကုန်အောင်စားလိုက်မိသည်။ သူမ သူငယ်ချင်း အကြောင်း သူမ အသိဆုံးပါ။ သူ သဘောကောင်းနေပြီ ဆိုရင် ပိုကြောက်ဖို့ကောင်းသည်။ သူမ စားပြီးတော့
"ကဲ ဘာအတွက်လဲ ပြောပြလို့ရပြီ"
"ဒီလို Chal Lin ငါအရင်တုန်းက အလုပ်ရရင် နင့်အိမ်ကပြောင်းပေးမယ်လို့ ပြောခဲ့တာလေ"
"အင်း"
"အဲ့ဒီ့တုန်းက ငါက နေစရာပေးတဲ့ အလုပ်ကို ရှာပြီး ပြောင်းမလို့ပြောခဲ့တာ အခု ဒီအလုပ်က နေစရာ မပေးတော့…"
"ဘာာာ ဒီတော့ နင်က ငါ့အိမ်မှာ ဆက်နေမယ် ဆိုတဲ့ သဘောပေါ့"
Taehyung က ပြုံးကာ ခေါင်းညိမ့်ပြလေသည်။
"Yah!!! ကောင်စုတ် နင်က အဲ့ဒီ့အတွက် ငါ့ကို လာဖားတာလား"
"လုပ်ပါ Chal Lin ရယ် နော် နော် …… အိမ်လခ ပိုပေးဆိုလည်းပေးပါ့မယ် …… နော်"
Ageyo တွေ အမျိုးမျိုး လုပ်ပြကာ သနားစဖွယ် အတိမျက်နှာမျိုး နှင့် Taehyung ကို Chal Lin ကြည့်ကာ မျက်စောင်းထိုးပြီး
"ငါ စဉ်းစားဦးမယ်" လို့ ပြောလိုက်၏။
"အဲ့ဒါကြောင့် ငါ့ သူငယ်ချင်းက ချစ်ဖို့ကောင်းတာ"
Taehyung ပြောလည်းပြော လက်နှစ်ဖက်ကလည်း Chal Lin ပါးကို ဆွဲဖျစ်လိုက်လေသည်။ သူတို့နှစ်ယောက် က အဝေးတနေရာက ရပ်ကြည့်နေတဲ့ လူတစ်ယောက်ကတော့ လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ကာ ခံပြင်းစွာဖြင့် "တောက်" တစ်ချက်ခေါက်ပြီး လှည့်ပြန်သွားလေတော့သည်။
xxxxxxxxxxxxxxxxxxxxxxxxxxx
Jimin ရင်တွေပူလောင်နေမိ၏။ Chal Lin ဘေးနားက တစ်ယောက်က ဘယ်သူလဲ သူတို့နှစ်ယောက်က ချစ်သူတွေလား ??? သူ့ ကိုတွေ့ရင် မျက်နှာထားကြီး အမြဲတင်းနေတတ်တဲ့ Chal Lin က အခု ဒီကောင်နဲ့ကျတော့ ပြုံးနေလေသည်။ သူမကို ဖွင့်ပြောမိတာ ဒီလောက် အပြစ်ကြီးသွားလို့လား??? အဲ့ဒီ့ကိစ္စ အတွက် သူမကို အကြိမ်ကြိမ် တောင်းပန်ခဲ့ပြီးပြီပဲ …… ဘာလို့ ခုထိ သူ့ကို ခါးခါးသီးသီး ငြင်းထုတ်နေရတာလဲ …… တစ်ခါမှ မိန်းကလေး တစ်ယောက်ကို အပင်ပန်းခံပြီး မလိုက်ခဲ့ရတဲ့သူက … အခု သူမနဲ့ မျက်နှာချင်း ဆိုင်တွေ့ရဖို့ အရေး သူမ စီးတဲ့ Bus ကို လိုက်စီးရသည်။ Company ကိုလည်း ချောင်းပေါက်မတတ် သွားလွန်းလို့ Hyung နဲ့ အဖေကတောင် မေးယူရတဲ့အထိ …… ဒါတွေက သူမ အပေါ် သူဘယ်လောက် အလေးအနက် ရှိကြောင်း သက်သေတွေပဲလေ …… အဲ့ဒါကို အခုချိန်ထိ မလုံလောက် နိုင်သေးတာလား???
String (Part 12)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)