xxxxxxxxxxxxxxxxxxxxxxxxxxxx
Soon Young အိမ်ရှေ့မှာ ကားရပ်ပြီး သူမ ဘက်ကို လှည့်ကြည့်လိုက်တော့ သူမက အိပ်နေလေသည်။ Jin သူမကို ကြည့်ပြီး ပြုံးလိုက်မိ၏။ သူမ လမ်းအဝေးကြီး လျှောက်ရတာ ဘယ်လောက်တောင် ပင်ပန်းသွားလိုက်မလဲ …… သူမကို မနှိုးရက်တာကြောင့် မနှိုးသေးဘဲ အိပ်မောကျနေတဲ့ သူမ မျက်နှာလေးကို ထိုင်ကြည့်နေမိသည်။ ခဏနေတော့ သူမ အနည်းငယ် လှုပ်ရှား လာတာကြောင့် Jin တဖက်သို့ မျက်နှာလွှဲလိုက်မိ၏။
"Jin က ရောက်နေတာကို မနှိုးဘူး"
"Soon Young အိပ်မောကျနေလို့ပါ"
"အင်း ဟုတ်တယ် … လမ်းလျှောက်ရတာ ပင်ပန်းသွားလို့ …… သွားတော့မယ်နော် …… Jin …… ဒီနေ့ အတွက် ကျေးဇူးတင်ပါတယ်"
"ရပါတယ်"
Soon Young ကားပေါ်က ဆင်းကာ ခြံထဲဝင်ပြီး ခြံတံခါးပိတ်ခါနီးတွင် Jin ကားပေါ်က အမြန်ဆင်းပြီး ခြံတံခါးကို လှမ်းဆွဲထားလိုက်၏။
"Jin ဘာပြောစရာ ရှိလို့လဲ"
"ခဏလေးပါ …… Soon Young …… ကိုယ် ဝန်ခံစရာလေး တစ်ခုရှိလို့"
သူမက ခြံအပြင်ပြန်ထွက်လိုက်ပြီး
"ဘာလို့လဲ Jin"
"ဟိုလေ …… Soon Young ကို ……"
Jin သူမ မျက်နှာကို ကြည့်လိုက်တော့ သူမက သိချင်စိတ်ဖြင့် နားထောင်နေလေသည်။ Jin အားတင်းပြီး သူမနဲ့ မျက်လုံးချင်း ဆုံအောင်ကြည့်လိုက်ကာ
"Soon Young ကို ကိုယ် ချစ်တယ်"
"Jin shii!!!"
သူမ မျက်လုံးအစုံတို့ ဝိုင်းစက်သွားပေမယ့် စိတ်ဆိုးဟန်တော့ မရှိချေ။
"ဟုတ်တယ် Soon Young …… ကိုယ် တကယ် Soon Young ကို ချစ်တယ် …… ကိုယ် ဒီစကားတွေကို ပြောဖို့ရည်ရွယ်ခဲ့တာ ကြာပါပြီ ဒါပေမယ့် ခင်မင်မှုကို အသုံးချတယ်ဆိုပြီး Soon Young စိတ်ဆိုးမှာကို စိုးရိမ်နေမိလို့ ပြောမထွက်ခဲ့တာပါ …… အခုလည်း ကိုယ့်ကို စိတ်မဆိုးပါနဲ့နော်"
သူမကတော့ ဘာမှ မပြောဘဲ သူ့ကို ငေးကြည့်နေဆဲပင် ……
"Soon Young စိတ်ဆိုးသွားလားဟင် …… ကိုယ် တောင်းပန်ပါတယ်"
"စိတ်ဆိုးမယ် ဆိုတာ သိရင် ဘာလို့ဖွင့်ပြောတာလဲ"
"အဲ့ဒါက …… ကိုယ့်ခံစားချက်တွေကို ဒီ့ထက်ပိုပြီး မထိန်းချုပ်ထားချင်တော့လို့ပါ …… အဲ့ဒီ့အတွက် Soon Young ကြိုက်သလို ဆုံးဖြတ်ပါ …… ကိုယ်ကျေနပ်ပါတယ် …… "
သူမ အခြေအနေကို သေချာ အကဲမခတ်ဘဲ သူပြောချင်ရာတွေပြောနေတဲ့ သူ့ကို ကြည့်ကာ Soon Young တချက် မသိမသာလေး ရယ်လိုက်မိသည်။ သူမဆီကို သူ စပြီး အကြောင်းပြချက်မရှိ ချည်းကပ်လာကတည်းက ဒီအခြေအနေတွေ အတွက် ကြိုပြီးစဉ်းစားခဲ့ပြီးသားပါ …… ဒီ အတောအတွင်း သူမ ဘဝရဲဲ့ အစိတ်အပိုင်း တစ်ခုလိုဖြစ်လာတဲ့ သူ့ကို သူမ ဘယ်လိုလုပ်ငြင်းရက်မှာလဲ ……
သူမ ခြေဖျားလေး ထောက်ကာ သူ့ရဲ့ နဖူးကို နမ်းပြီး အိမ်ထဲ ပြေးဝင်လိုက်၏။ သူ ဘယ်လိုကျန်ခဲ့လဲတော့ မသိ သူမ ရင်တွေ ပေါက်ထွက် မထွက်ခုန်နေလေသည်။ သူမ အခန်းထဲရောက်တော့ လိုက်ကာလေး အသာဖွင့်ကာ သူ့ကို ပြန်ချောင်းကြည့်လိုက်မိ၏။ သူက သူမ အခန်းရှိရာ ဆီသို့ အကြာကြီး ကြည့်နေပြီးမှ ပြန်သွားလေသည်။
ဒီည ကတော့ သူမ အတွက်ရော သူ့အတွက်ပါ အိပ်မပျော်တဲ့ ညလေးတစ်ည ဖြစ်ခဲ့လေရဲ့ ………
xxxxxxxxxxx
to be continued
String (Part 12)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)