"ဘာဖြစ်လို့လဲ Soon Young"

"အဲ့ဒါ …… ကျွန်မ အမေ …… ဒါဆို Omma က ……"

သူတို့ အနောက်ဖက်မှ ဖန်ခွက် ကျကွဲသံကို ကြားလိုက်ရတာကြောင့် နှစ်ယောက်လုံးပြိုင်တူလှည့်ကြည့် လိုက်တော့ အံ့အားသင့်နေတဲ့ Mr.Choi ကို တွေ့လိုက်ရ၏။

"ခုနက ဘာပြောလိုက်တယ် …… မိန်းကလေး …… မင်းက …… Mi Young ရဲ့ သမီး ဟုတ်လား …"

"nae ……ဟုတ်ပါတယ် …… "

Mr.Choi က Soon Young ကိုကြည့်ကာ သူမလက်ကို ဆုပ်ကိုင်ရင်း မျက်ရည်များကျနေလေသည်။ Soon Young လည်း သူ့ကိုကြည့်ကာ စိတ်မကောင်းဖြစ်ယုံမှ တပါးဘာမှ မတတ်နိုင် …… သူတို့နှစ်ယောက်ရဲ့ ဘဝပေး ကံကြမ္မာကိုသာ အပြစ်တင်နေမိ၏။ အကယ်၍ အမေသာ Choi Arjushi နဲ့ ဖူးစားဆုံခဲ့မယ်ဆိုရင် အခုလို စိတ်ပင်ပန်းခံရပြီး သေဆုံးရမှာ မဟုတ် ……

Choi Arjushi နှင့် Soon Young စကားကောင်းနေတာကြောင့် သူတို့ ပြန်တော့ အပြင်မှာ လ ပင်ထွက်နေလေပြီ …… Choi Arjushi က ကားလမ်းပေါ်ရောက်တဲ့ အထိ ပြန်ပို့ပေးမယ်လို့ ပြောပေမယ့်လည်း လူကြီးကို အားနာတာကြောင့် အဆင်ပြေတယ်လို့ ပြောကာ နှစ်ယောက်သား လမ်းလျှောက်ပြီးပြန်လာခဲ့ကြ၏။

"အားး …… Jin ခဏနားရအောင်လေ …… ကျွန်မ ဆက်မလျှောက်နိုင်တော့ဘူး …… ခြေထောက်နာနေပြီ"

Soon Young က ပြောပြီး မြေပြင်ပေါ်မှာ ထိုင်ချလိုက်တာကြောင့် Jin ဆက်မသွားတော့ဘဲ သူမ ဘေးနားမှာ ဝင်ထိုင်လိုက်၏။

"အဲ့ဒါကြောင့် ကိုယ် စိုးရိမ်တာပေါ့ …… အခု ခြေထောက် ဘာဖြစ်သွားသေးလဲ"

သူ ဂရုဏာဒေါသဖြင့် ခပ်မာမာလေး ပြောလိုက်တော့ သူမက ပြုံးကာ

"ဘာမှမဖြစ်ပါဘူး …… နည်းနည်းနာနေရုံပါ …… အခုလို သွားလိုက်တော့ Choi Arjushi နဲ့တွေ့ခဲ့ရတယ်လေ …… ကျွန်မကို ဒီနေရာဆီ ခေါ်လာပေးလို့ Jin ကို ကျေးဇူးတင်ပါတယ် …… Omma လည်း ဝမ်းသာနေမှာ"

သူမက ပြောရင်း ကောင်းကင်ကို မော့ကြည့်နေတော့ Jin လည်း သူမနှင့် အတူ လိုက်မော့ကြည့်မိသည်။ ဒီနေ့မှ ကောင်းကင်ကြီးက မိုးသားကင်းစင်ကာ ကြယ်တွေနှင့် ဖွေးနေ၏။ Jin …… Soon Young ကိုလှည့်ကြည့်လိုက်တော့ ကောင်းကင်ကိုမော့ကြည့်နေတဲ့ သူမ ပါးပြင်ပေါ်မှာ မျက်ရည်စီးကြောင်း တို့က နေရာ ယူလျက် ……… Jin သူမ ပခုံးတစ်ဖက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးမိသည်။

String [Completed]Where stories live. Discover now