သူမ ပြောပြီး ထိုင်ချလိုက်တော့ Jin လည်း သူမနှင့် အတူ လိုက်ထိုင်ရင်း
"Soon Young က စာဖတ်တာ ဝါသနာပါတယ်နဲ့ တူတယ်နော်"
"အင်း …… ဟုတ်တယ် …… Jin ရော ဘာဝါသနာ ပါလဲ"
"ကိုယ်က ဓါတ်ပုံရိုက်တာ ဝါသနာ ပါတယ် …… စာ ကတော့ တခါတလေမှ ဖတ်ဖြစ်တယ် …… အခုလည်း ဖြတ်သွားရင်း … ဒီဆိုင်လေးကို စိတ်ဝင်စားလို့ ဝင်လာခဲ့တာ"
"အဲ့ဒါဆို Jin မှန်သွားပြီ …… ဒီဆိုင်က ကျွန်မတွေ့ဖူး သမျှထဲမှာတော့ အစုံဆုံးပဲ …… ကျွန်မဆို ဆိုင်ရှင်နဲ့ တောင် မိတ်ဆွေတွေ ဖြစ်နေပြီ …… aww …… ပြောရင်းဆိုရင်း ဟိုမှာ ဆိုင်ရှင် ဦးလေးကြီး ပြန်လာနေပြီ"
Soon Young ပြောနေစဉ်မှာပင် ဆိုင်ရှင် ဦးလေးကြီးက ပြုံးပြုံး ပြုံးပြုံးနှင့် သူတို့နှစ်ယောက်နား ရောက်လာကာ
"ကျေးဇူးပဲ တူမကြီးရေ …… ရပြီ …… ဖတ်စရာ စာအုပ်တွေ့လား"
"တွေ့တယ် ဦးလေး ဒီမှာလေ …… ဦးလေး စာအုပ်တွေတော့ နည်းနည်းပွသွားတယ်"
"ရပါတယ် …… အဲ့ဒီ့စာအုပ်က အမြင့်ကြီးမှာ ထားတာကို တက်ယူတာလား"
"nae"
"ဦးလေး လာတာကို စောင့်တာမဟုတ်ဘူး မတော်တဆ ပြုတ်ကျနေမှဖြင့်……"
"ဘာမှ မဖြစ်ပါဘူး …… ဦးလေးရဲ့ အခု လိုချင်တာ ရပြီလေ"
"အင်းပါ …… အဲ့လိုလုပ်လိုက်ရတော့ စိတ်ချမ်းသာတယ် မဟုတ်လား …… ဒီကလေးမကတော့ ငယ်ငယ်က အတိုင်းပဲ"
ဆိုင်ရှင်ဦးလေးကြီး စကားကို ရယ်နေတဲ့ Soon Young ကို Jin မှင်သက်စွာ ငေးမောနေမိလေသည်။
"ဒါနဲ့ …… ဒီဘက်က တူမကြီးရဲ့ ချစ်သူလား"
"ရှင် …" "ဗျာ"
နှစ်ယောက်သား အားနာစွာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် ပြီး ပြိုင်တူ ငြင်းလိုက်မိသည်။
"မဟုတ်ပါဘူး"
"မဟုတ်ဘူးသာ ဆိုတယ် …… တူမကြီးတို့နှစ်ယောက် စကားပြောနေကြတာကို ဦးလေးတွေ့တော့ အတွဲတွေလို့ပဲ ထင်နေတာ … နှစ်ယောက်က တော်တော်လေး လိုက်ဖက်တာပဲ"
"မဟုတ်ပါဘူးဆို …… ဦးလေးကလည်း …… သွားတော့မယ်"
"ဟိတ် … နေဦးလေ … တူမကြီး"
ဆိုင်ရှင်ဦးလေးကြီးအော်ခေါ် နေတာကိုပင် ဂရုမစိုက်တော့ဘဲ Soon Young ရှက်ရှက်ဖြင့် ပြေးထွက်လာခဲ့မိသည်။ Jin ကတော့ ဘာလုပ်ရမှန်း မသိ နေရာမှာ ကြောင်တောင်တောင်ဖြင့် ရပ်နေမိ၏။
"မင်း သူ့ကို သဘောကျနေတာ မဟုတ်လား ……လိုက်သွားလေ …… ထီးပါယူသွား …… မိုးရွာတော့မယ်"
ဆိုင်ရှင်ဦးလေးကြီး က ပြောပြောဆိုဆိုနှင့် Jin လက်ထဲကို ထီးထိုးထည့်ကာ နောက််ကနေတွန်းပေးလိုက်၏။ Jin လည်း Soon Young ၏ ခက်သွက်သွက် ခြေလှမ်းတွေကို အမှီလိုက်ခဲ့မိတော့သည်။
သူမ ရှက်ရှက်နှင့် ပြေးထွက်လာစဉ် ရုတ်တရက်ရွာချလာတဲ့ မိုးကြောင့် မိုးခိုဖို့နေရာ ရှာနေချိန် သူမ ခေါင်းပေါ်ရောက်လာတဲ့ ထီးတစ်ချောင်း …… သူမ အံ့သြစွာဖြင့် လှည့်ကြည့်မိတော့ Jin က သူမကို ပြုံးကာ ကြည့်နေလေသည်။ သူမ သူ့အကြည့်တွေမှ ရှောင်လွှဲပြီး မျက်လွှာလေးချထားလိုက်မိသည်။
"ဦးလေးက မိုးရွာတော့မှာ မို့လို့ ထီးလိုက်ပေးခိုင်းလို့"
Soon Young အနေခက်မှာ စိုးရိမ်တာကြောင့် သူမ လက်ထဲကို ထီးထည့်ပေးရင်း မိုးရေထဲ ပြေးထွက်မလို့ အလုပ်တွင် သူ့လက်ကိုဖမ်းဆွဲလိုက်တဲ့ လက်တစ်စုံကြောင့် သူ့ခြေလှမ်းတွေ ရပ်တန့်သွားရ၏။ ပြီးတော့ သူမ နှုတ်ဖျားမှ ထွက်လာတဲ့ စကားလေး တစ်ခွန်း ……
"တူတူ သွားရအောင်" တဲ့ ………
တဖြည်းဖြည်းနှင့် သည်းထန်စွာ ကျဆင်းလာတဲ့ မိုးစက်လေးများကြားတွင် ထီးတစ်ေချောင်းအောက်က လူသားနှစ်ဦးကတော့ ရင်ခုန်သံချင်းထပ်တူညီလို့နေမှာ အသေအချာပင် ………
to be continued
String (Part 11)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)