**Arrr သေပါပြီ*** လို့ စိတ်ထဲမှ ခပ်ချဉ်ချဉ် ရေရွတ်လိုက်မိရင်း သူ့ကို ဖက်ထားမိတဲ့ သူမ လက်တွေကို အလျင်အမြန်ပင် ဖယ်ကာ နှစ်ယောက်သား နီးကပ်နေတဲ့ အခြေအနေမှ ရုန်းထွက်လိုက်မိသည်။ ဒါပေမယ့် သူက သူမ လက်ကိုဆတ်ကနဲ ပြန်ဆွဲကာ သူမ ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲ နစ်မြုပ်သွားသည် အထိဖက်ထား လိုက်လေသည်။ "ဘုန်း" ကနဲ သုံးလေးချက် ဆင့်ပြီး ပြုတ်ကျသံ အဆုံးမှာတော့ သူမကို ဖက်ထားတဲ့ သူ့လက်တွေ ပြေလျော့သွား၏။ သူက သူမကို သူ့ရင်ခွင်ထဲမှ ဆွဲထုတ်ကာ
"Soon Young ထိသွားသေးလား"
"arni …… ဘာမှ မဖြစ်ပါဘူး …… Jin ကို ထိသွားတယ် မဟုတ်လား …… ဘယ်နားနာသွားသေးလဲဟင်"
Jin က သူ့ခေါင်းကို ပွတ်ကာ
"ဘာမှမဖြစ်ပါဘူး …… ရပါတယ် …… ခေါင်းနည်းနည်း မူးသွားယုံပါ"
"အဆင်ပြေရဲ့လား …… တောင်းပန်ပါတယ် …… ကျွန်မ ယူနေကျမဟုတ်ဘဲ တက်ယူလိုက်မိလို့"
"ရပါတယ် …… ကိစ္စမရှိပါဘူး"
သူမက သူမတို့ နှစ်ယောက် ခြေထောက်နားက စာအုပ်တွေကို သူမ ကောက်လိုက်ရင်း
"ဟူးးး …… ပြန်တင်ရတော့မယ် …… တကယ်ပါပဲ"
Jin ခါတိုင်း မြင်နေကျပုံစံတွေနဲ့ မတူဘဲ အိမ်နေရင်း ဝတ်စုံနဲ့ ကလေးလေး တစ်ယောက်လို ဖြစ်နေတဲ့ သူမပုံစံလေး ကို ကြည့်ကာ သဘောကျစွာ ပြုံးလိုက်မိသည်။ သူမကတော့ ပြုတ်ကျလာတဲ့ စာအုပ်တွေကို ပြန်တင်ဖို့ လုပ်နေလေရဲ့ …… Jin သူမ လက်ထဲမှ စာအုပ်တွေကို ယူပြီး လှေခါးပေါ်တက်ကာ နေရာ တကျပြန်စီ ပေးလိုက်၏။
"ဖြေးဖြေး ဆင်းနော် …… Jin …… ပြုတ်ကျနေဦးမယ်"
သူ့ကို မော့ကြည့်ကာ စိုးရိမ်တကြီး ဖြင့်ပြောနေတဲ့ သူမကြောင့် သူရဲ့ ပျော်ရွှင်မှုတွေက အတိုင်းအဆမရှိ …… သူအောက် မရောက်မချင်း သူ့ကို တကြည့်ကြည့်နှင့် စိုးရိမ်နေပုံလေးက အသည်းယားစရာ ကောင်းလှသည်။
"ရပြီ …… Soon Young …… ဒါနဲ့ ဘာစာအုပ်မို့လို့ ဒီလောက် အသည်းအသန် တက်ယူရတာလဲ"
"ဒီစာအုပ်လေ …… Omma က ဒီစာအုပ်ဆို သိပ်ကြိုက်တာ …… ကျွန်မ ငယ်ငယ်က အမြဲဖတ်ပြနေကျ …… အဲ့ဒါ အိမ်မှာ ပျောက်သွားလို့ ကျွန်မ ရှာနေတာကြာပြီ ခုမှပဲ တွေ့တော့တယ်"
String (Part 11)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)