**ဒီနာကျင်မှုက ဝဋ်ကြွေးတစ်ခုဆိုရင် အမြန်ဆုံး ကျေပါစေ*** လို့ သူမ စိတ်ထဲမှ ဆုတောင်းလိုက်မိသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆေးရုံမှာ Duty မရှိတဲ့ ရက်မို့ Soon Young ပိုက်ဆံအိတ်နှင့် ဖုန်းကိုယူကာ အပေါ်ထပ် အကျင်္ီလေး ထပ်ဝတ်လိုက်ရင်း သူမ စာဖတ်နေကျ စာအုပ်အဟောင်းဆိုင်လေးဆီသို့ ထွက်လာခဲ့၏။ စာအုပ်ရောင်းတဲ့ ဆိုင်ဆိုပေမယ့်လည်း သူမနဲ့ရင်းနှီးနေတာမို့ သူမ စိတ်ကြိုက် စာအုပ်တွေရှာကာ ထိုင်ဖတ်နေလို့ရတာကြောင့် အားလပ်ရက်တိုင်း အလိုလို သွားဖြစ်လေသည်။ သူမ ရောက်သွားတော့ ဆိုင်ရှင်ဦးလေးကြီးက
"တူမကြီး ရောက်လာတာနဲ့ အတော်ပဲ …… တူမကြီး ဒီမှာ စာဖတ်မယ်ဆိုရင် ဆိုင်ခဏကြည့်ထားပေးပါလား … ဦးလေး အပြင်သွားစရာ ကိစ္စလေး တစ်ခုပေါ်လာလို့ …… သိပ်မကြာပါဘူးခဏပါပဲ …… အဆင်မပြေဘူး ဆိုရင်တော့ ဆိုင်ပိတ်သွားလိုက်ပါ့မယ်"
"မဟုတ်တာပဲ ဦးလေး ကလည်း … ကျွန်မ စောင့်ပေးပါ့မယ် … ကျွန်မလည်း ဒီမှာ ကြာမှာပဲကို စောင့်ပေးရတာ အပန်းမကြီးပါဘူး"
"ကျေးဇူးတင်ပါတယ် တူမကြီးရယ် …… ခဏပါပဲ …… ဦးလေးလည်း မဖြစ်မနေ အရေးကြီး ကိစ္စလေးရှိလို့ပါ"
"ရပါတယ် …… ဦးလေး စိတ်ချသာသွား …… ဦးလေး ပြန်မလာမချင်း စောင့်ထားပေးမယ်"
ဆိုင်ရှင်ဦးလေးကြီးက သူမကို ကျေးဇူးတင်စကားတွေ အထပ်ထပ်ပြောကာ ထွက်သွားလေသည်။
Soon Young ဖတ်စရာ စာအုပ်တွေ လိုက်ရှာရင်းမှ သူမ အရမ်းဖတ်ချင်နေတဲ့ စာအုပ်လေးတစ်အုပ် တွေ့သွားတာကြောင့် ဝမ်းသာသွားမိသည်။ ဒါပေမယ့် စာအုပ်က အမြင့်ကြီးမှာဖြစ်နေတာကြောင့် အရင် ဆိုင်ရှင်ဦးလေးကြီး တက်နေကျ လှေခါးကိုရှာကာ သူမ တက်ယူလိုက်၏။
"wow …… နောက်ဆုံးတော့ ငါ့လက်ထဲရောက်လာပြီ …… ဒါကို စောစောထဲက တွေ့ရမှာကို"
Soon Young ဝမ်းသာအားရဖြင့် ပြန်အဆင်းတွင် ခြေချော်ပြီး ပြုတ်အကျ လှေခါးနားမှာ ရောက်နှင့်နေတဲ့ သူက သူမကို ဆီးဖမ်းလိုက်တာကြောင့် သူမ သူ့လည်ပင်းကို သိုင်းဖက်ထားမိလျက်သား ဖြစ်သွား၏။ Soon Young ကြောက်ကြောက်နှင့် စုံမှိတ်ထားတဲ့ မျက်လုံးကို အသာလေး ဖွင့်ကြည့်လိုက်တော့ သူမ မျက်နှာနှင့် အနီးကပ်ဆုံးမှာ ရှိနေတဲ့ Jin ရဲ့ မျက်နှာ ကိုတွေ့လိုက်ရလေသည်။ သူ့လက်တွေက သူမ ခါးကို ပွေ့ထားလျက် ………
String (Part 11)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)