Hae Yoon သူ ပြောတဲ့ စကားတွေကို ဆက်နားထောင် နိုင်စွမ်းမရှိတော့ …… ဒါပေမယ့် Jimin လိုလူမျိုးက သူမဆီက အခုလိုအကြံဉာဏ်တောင်းပြီး တိုင်ပင်တယ် ဆိုကတည်းက သူမကို သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်လို သဘောားတယ် ဆိုတာကို သိနိုင်သည်။ သူမ ဝမ်းနည်းစိတ်တွေကို မြိုသိပ်ကာ သူပြောပြ သမျှ ဆက်နားထောင်နေမိ၏။ သူနဲ့ အဝေးကြီးမှာ သူစိမ်းတစ်ယောက် ဖြစ်နေတာထက် စာရင် သူ့ဘေးနားက တိုင်ပင်ဖော် သူငယ်ချင်း အဖြစ်က ပိုကောင်းတယ်လေ …… သူ့စကား ဆုံးတော့ သူမ အားတင်းကာ ……
"နင် သူ့ကို ဘယ်လို သဘောထားလဲ …… ငါ ဆိုလိုချင်တာက အရင် ကောင်မလေး တွေလိုပဲ အပျော် သက်သက်လား …… ဒါမှမဟုတ် တကယ် သဘောကျတာလား"
"သဘောကျတယ် …… တကယ် သဘောကျလို့ ဒီလောက်ခံစားနေတာပေါ့"
သူ့စကားက သူမရင်ကို ပစ်ခွင်းလိုက်တဲ့ မြှားတစ်စင်းအလား စူးနစ်လို့ သွားလေသည်။
"နင် သူ့ကို တကယ်ချစ်တယ် ဆိုရင်တော့ စိတ်ရှည်ပြီး ဇွဲရှိဖို့တော့ လိုမယ်ထင်တယ် …… သူက နင် အရင်က တွေ့ခဲ့ဖူးတဲ့ ကောင်မလေးတွေလို မဟုတ်ဘူးလို့ နင်ပြောခဲ့တယ် မဟုတ်လား …… သူ အခု နင့်ကို ငြင်းတယ် ဆိုတာလည်း နင်က ရုတ်တရက်ကြီး သွားပြောလိုက်လို့ ဖြစ်မှာပါ …… နင်နဲ့ သူနဲ့ကလည်း တွေ့တာ သိပ်မှမကြာ သေးတာ … သူ စိတ်ဆိုးမှာပေါ့ … သူ နင့်အချစ်ကို နားလည်လာတဲ့အထိ နင် လက်မလျော့ရင် တဖြည်းဖြည်း အဆင်ပြေသွားမှာပါ … ဟုတ်တယ် မဟုတ်လား"
Jimin ခေတ္တ စဉ်းစားနေပြီးမှ
"အင်း …… အဲ့ဒါဆို ငါ အကြိမ်ကြိမ်ကြိုးစားကြည့်ရမယ် နင်ပြော သလိုပဲ သူ တစ်နေ့တော့ ငါ့ကို လက်ခံလာမှာပါ"
"အဲ့ဒီ့ အတိုင်းပဲ ဖြစ်မှာပါ …… Fighting Jimin !!!"
"အင်း …… gomawo …… Hae Yoon ya……"
"ရပါတယ် …… ငါက ငါထင်တာ ပြောကြည့်တာ …… သွားရအောင်လေ Jimin …… ကြာတောင်ကြာသွားပြီ"
Hae Yoon ပြောပြီး ခပ်သုတ်သုတ်လေးပင် သူနှင့် ဝေးအောင်လျှောက်လိုက်မိသည်။ ဒါမှ သူမရဲ့ နာကျင်မှုတွေကို သူ မမြင်မှာလေ ……
String (Part 11)
Magsimula sa umpisa
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)