"အဲ့လောက်တောင် များသွားတာလား"
"ဟုတ်တယ် …… ဘာတွေဖြစ်နေတာလဲ …… Park Jimin မဟုတ်တဲ့ အတိုင်းပဲ"
"ဘာမှမဖြစ်ပါဘူး …… ဒီအတိုင်း …… ဟူးးး"
ပြောနေရင်းမှပင် Jimin သက်ပြင်းချမိပြန်တော့ Hae Yoon က သူ့ရှေ့မှာ ရပ်ကာ သူမ မျက်နှာကို မဲ့နေတဲ့ ပုံစံလေးလုပ်ပြီး သူမ နှုတ်ခမ်းလေးကို လက်နှင့်ပင့်တင်ကာ ပြုံးတဲ့ ပုံလေး လုပ်ပြ၍
"ဒီလိုလေး Jimin …… ဒီလိုလေး ပြုံးနေ …… "
Jimin သူမ လုပ်ပြနေပုံကို ကြည့်ရင်း ရယ်လိုက်မိသည်။
"Yah!!! စိတ်ညစ်နေတာကို ပေါက်ကရတွေ လာလုပ်ပြမနေနဲ့ လှလည်း မလှဘူး"
Jimin ပြောလိုက်တော့ Hae Yoon က နှုတ်ခမ်းလေးစူကာ သူ့ဘေးနားမှာ ပြန်ဝင်ထိုင်ရင်း
"အကောင်းနဲ့လည်း …… သူပျော်အောင် လုပ်ပေးရသေးတယ် …… ဟွန့် …… "
"ဟား …… ဟ …… အေးပါ…… ရယ်ရပါတယ် …… ဒီလိုပဲ ပြုံးနေတော့မယ်နော် …… ရပြီလား"
Jimin ပြုံးပြလိုက်တော့ သူမ ကျေနပ်သွားလေသည်။ နှစ်ယောက်သား တော်တော်လေးကြာသည် အထိ စကားမပြောဘဲ ငြိမ်နေမိပြီး Jimin က စကာ
"Hae Yoon …… မိန်းကလေး တစ်ယောက် သဘောကျလာအောင် ဘယ်လိုလုပ်ရမလဲ"
Hae Yoon ကိုယ့်နားကိုယ်ပင် မယုံကြည်နိုင်လောက်အောင် ကြားလိုက်ရတဲ့ အမေးစကားကြောင့် မျက်လုံးလေး ဝိုင်းစက်သွားရသလို ရင်ထဲမှာလည်း စိုးရိမ်စိတ်ကလေးဝင်သွားမိသည်။
"Ji …… Jimin …… နင် ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်"
"မနောက်ပါဘူး တကယ်ပြောတာ"
Hae Yoon သူ့မျက်နှာကို ကြည့်လိုက်မိတော့ သူ့မျက်ဝန်းတွေက နောက်နေတာမဟုတ်ကြောင်း သက်သေခံနေလေသည်။
"ငါ တကယ် မနောက်ပါဘူး ……"
"အဲ့ဒါကြောင့် နင့်မျက်နှာက မရွှင်မပြ ဖြစ်နေတာလား"
"ဆိုပါတော့ …… သူက ငါတွေ့ဖူးတဲ့ မိန်းကလေးတွေနဲ့ မတူဘူး …… ဟူးးး…… ငါ ဘာလုပ်ရမှန်း မသိတော့ဘူး …… စိတ်ရှုပ်လိုက်တာ …… နင် စဉ်းစားကြည့်လေ …… သူ့ကိုငါ ချစ်တယ် လို့ပြောမိတာကို စိတ်ဆိုး စရာလား …… ငါ့ရင်ထဲက ခံစားချက်ကို အမှန်အတိုင်းပြောတာကို အဲ့လောက်ထိ ခါးခါးသီးသီး အငြင်းခံရလိမ့်မယ်လို့ မထင်ထားမိဘူး"
String (Part 11)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)