"Chal Lin shi …… Chal Lin ……"

"ဘာလဲ"

Chal Lin သူ့ဘက်ကို လှည့်က ဘုဆတ်ဆတ်ပင်ပြန်ပြော လိုက်မိသည်။

"ဘာဖြစ်တာလဲ …… ဟိုနေ့က ကိုယ်ပြောတာကို စိတ်ဆိုးနေတာလား"

"ရှင့်လမ်းရှင် သွားလို့မရဘူးလား Park Jimin …… ကျွန်မနောက်ကျနေပြီ"

"အဲ့ဒါကြောင့် လိုက်ပို့ပေးမယ်လို့ ပြောတာပေါ့"

"မလိုဘူး …… ကိုယ့်ဟာကိုယ် သွားလို့ရတယ် …… ဖယ် …… ဟိုမှာ ကားလာနေပြီ"

သူမက သူမရှေ့မှာ ကာနေတဲ့ သူ့ကို တိုက်ကာ Bus ကားပေါ် ပြေးတက်သွားလေသည်။

Jimin တစ်ယောက် Chal Lin သူ့ရှေ့ကထွက်သွားတာ ကိုကြည့်ရင်း တခါမှ မခံစားဖူးတဲ့ ရင်ထဲမှ နာကျင်မှု တစ်ရပ်ကို ခံစားလိုက်ရသည်။ သူ ပေါ့ပေါ့တန်တန် ပြောမိတဲ့ စကား တစ်ခွန်းအတွက်လည်း နောင်တရ မိ၏။ မိန်းကလေး တစ်ယောက်က သူ့ကို ငြင်းမယ်လို့ …… သူ တကယ် မမျှော်လင့်ထားခဲ့မိပေ ……… သူ ရည်းစားထားခဲ့တဲ့ သက်တမ်း တစ်လျှောက် ဖွင့်ပြောလိုက်လို့ အငြင်းခံရတာမျိုး တစ်ခါမှ မရှိခဲ့ဖူးတာကြောင့်လည်း ပါမည် ထင်သည်။ Chal Lin ကိို အခြားမိန်းကလေး တွေနဲ့ မတူမှန်းတော့ သိပေမယ့် အခုလိုပြောလိုက်တာက သူမ အတွက် ဒီလောက်ထိ စိတ်ဆိုးစရာ ဖြစ်သွားလိမ့်မယ်လို့ မထင်ထားမိတာ သူ့အမှားပင် …… Jimin သက်ပြင်း ရှည်ရှည် တစ်ခုကို မှုတ်ထုတ်ကာ ကားကို ဆေးရုံဘက်သို့ မောင်းထွက်လာခဲ့မိသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

"Park Jimin ဒီနေ့ သက်ပြင်းတွေ ချလှချည်လား ဘာတွေစိတ်ညစ်စရာရှိလို့လဲ"

Jimin ဆေးရုံခေါင်မိုးထပ်က ပန်းခြံလေးထဲမှာ ထိုင်နေစဉ် သူ့အနောက်ဖက်က အသံကြောင့် လှည့်ကြည့်လိုက်မိ၏။ Hae Yoon က သူ့ကို ပြုံးပြရင်း သူ့ဆီလျှောက်လာကာ သူ့ဘေးနား ဝင်ထိုင်လိုက်သည်။

"မနက် ကတည်းက သက်ပြင်းတွေ ချနေလိုက်တာ ဆိုတာ …… သက်ပြင်းချတိုင်း အသက်တိုမယ် ဆိုုရင် ခုလောက်ဆို နင် အသက်ရှိတော့မှာတောင် မဟုတ်ဘူး"

သူမ စကားကြောင့် Jimin တစ်ချက်ပြုံး လိုက်ရင်း သူ့ဆံပင်တွေကို လက်နှင့် သပ်တင်လိုက်ကာ

String [Completed]Where stories live. Discover now