"တော်ပါသေးရဲ့ လက်ခံလို့ Kim Taehyung မင်းတော့ ကံကောင်းနေပြီ Fighting!!!" လို့ တီးတိုးလေး ကိုယ့်ကိုယ်ကို အားပေးရင်း ပြုံးလိုက်မိသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxx
Jin သူ့အဝတ်အစား ဗီဒို နံရံမှာ ကပ်ထားတဲ့ Soon Young ဓါတ်ပုံတွေကို တစ်ပုံချင်းစီဖြုတ်ကာ စက္ကူပုံးထဲ ထည့်နေမိသည်။ သူ့ညီ ချစ်နေပါတယ် ဆိုတဲ့ မိန်းကလေးကို သူ အခုလို ရူးသွပ်နေဖို့ မကောင်းတော့ဘူးလေ …… Jimin တို့မိသားစုရဲ့ ကျေးဇူးတွေ သူ့အပေါ်မှာ အများကြီး ရှိတယ် မဟုတ်လား …… ဒါကြောင့် သူ့နှလုံးသားကို သော့ခတ်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချလိုက်မိသည်။
"Hyung ဘာတွေလုပ်နေတာလဲ"
ရုတ်တရက် ရောက်ချလာတဲ့ Jimin ကြောင့် Jin ဗီဒိုတံခါးကို အမြန်ပိတ်လိုက်မိသည်။
"arr …… Mianae hyung …… တံခါးစေ့ရုံပဲ စေ့ထားတာတွေ့လို့ ဝင်ခဲ့မိတာ"
Jimin ပြောရင်း သူ့ခြေထောက်နားမှာ ရှိတဲ့ ပုံးကို မျက်စိရောက် သွားကာ ပုံးထဲက ဓါတ်ပုံတွေကို ယူကြည့်လိုက်၏။ Jin က Jimin လက်ထဲမှ ပြန်လုကာ ပုံးထဲပြန်ထည့်လိုက်ပြီး ပုံကိုယူ၍ ထွက်သွားမယ်လုပ်တော့ Jimin ဆွဲထားကာ
"Hyung …… အဲ့ဒါ Soon Young ပုံ မဟုတ်လား"
"မဟုတ် …… မဟုတ်ပါဘူး"
"Hyung !!!! ကျွန်တော် သိတယ် …… ကျွန်တော့်ကို မညာပါနဲ့ …… အခု အဲဒီ့ပုံတွေကို ဘာလုပ်ဖို့ သိမ်းနေတာလဲ"
"hyung သူ့ကို မေ့ပစ်ဖို့လုပ်နေတာ"
Jin ပြောပြီး ကြမ်းပြင်ပေါ်သို့ အားမရှိတော့တဲ့ သူ တစ်ယောက်လို ထိုင်ချလိုက်၏။ Jimin လည်း Jin ဘေးနားမှာ ထိုင်ကာ Jin ပခုံးတစ်ဖက်ကို ဆုပ်ကိုင်ရင်း
"Hyung ဒီလောက်ချစ်နေတဲ့ သူကို ဘာလို့လဲ …… ကျွန်တော့်ကြောင့်လား …… ကျွန်တော် ဟိုနေ့က ပြောလိုက်လို့လား"
"……"
"ကျွန်တော့်ဘက်ကို ဘာလို့ ဒီလောက်တောင် ကြည့်ရတာလဲ"
"Hyung ရဲ့ အစားထိုးမရနိုင်တဲ့ ညီ မို့လို့ ……… Hyung ကံကောင်းလို့ ဒီမိသားစုကို ပိုင်ဆိုင်ခွင့်ရခဲ့တာ …… ဒီမိသားစုထဲက ဘယ်သူ့မှ hyung ကြောင့် စိတ်ဆင်းရဲရတာမျိုး မဖြစ်စေချင်ဘူး"
Jimin သူ့အစ်ကို ကို သနားသွားမိသည်။ ဘယ်လောက်ပဲ မိသားစု အရင်းအချာလို နေဦးတော့ သူစိမ်းဆိုတဲ့ အသိက အနည်းငယ်တော့ ကျန်နေသေးတတ်တာပဲလေ …… Jimin … Jin ကို မဝံ့မရဲကြည့်ရင်း
"တောင်းပန်ပါတယ် hyung …… ကျွန်တော်က hyung စိတ်ကို နည်းနည်းလေး ဆွပေးကြည့်မိတာပါ"
"ဘယ်လို ??? Hyung စိတ်ကို ဆွပေးတယ် ဟုတ်လား"
"အင်း …… Hyung က Soon Young ကို ချစ်တယ်ပြောပြီး သွေးအေးနေလို့လေ ……ပြီးတော့ hyung ဒီအတိုင်း အဝေးကနေကြည့်နေခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ …… အဲ့ဒါကြောင့် အခုလိုပြောလိုက်မိတာ …… Hyung ကို စိတ်ထိခိုက်အောင် မရည်ရွယ်ပါဘူး …… ကျွန်တော် တောင်းပန်ပါတယ် ……"
Jin ဝမ်းသာရမလား … ဝမ်းနည်းရမလားမသိ သူ့ညီကို အံ့အားသင့်စွာကြည့်နေမိသည်။
"hyung …… ကျွန်တော့်ကို ခွင့်လွှတ်ပါနော်"
"arni …… မလိုပါဘူး …… hyung ညီ့ကို စိတ်မှမဆိုးခဲ့တာ"
"တကယ် စိတ်မဆိုးတာလား …… gomawo hyung"
Jimin ပြုံးကာ သူ့အစ်ကိုကို ဖက်ထားလိုက်၏။ ဒီညတော့ ညီအစ်ကို နှစ်ယောက် ဓါတ်ပုံတွေကို ပြန်ကပ်ရင်း နှင့် အချိန်ကုန်စေခဲ့တယ်လေ ……
xxxxxxxxxxxxxxx
to be continued
Thank to all my reader ^^
String ( Part 7)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)