"Yah!!! Kim Taehyung နင် ဒီမှာ ဘယ်နှရက်လောက် နေမှာလဲလို့ မေးနေတဲ့ ဟာကို ဘာတွေ စိတ်ကူးယဉ်နေမှန်းမသိဘူး"
Chal Lin သူ့လက်မောင်းကို ခပ်နာနာလေးရိုက်ကာ ပြောလာမှ သူ့အတွေးစတွေကို ဖြတ်ပြီး
"အင်းးး မပြောတတ်ဘူး ပြန်ချင်မှလည်းပြန်မှာ ငါ ဒီမှာ အလုပ်လာလုပ်တာ"
"ဘာာာ အဲ့ဒါဆို နင်က ဘယ်မှာနေမှာလဲ"
Taehyung မျက်နှာချိုသွေးလိုက်ရင်း
"ဒီမှာလေ ငါ့သူငယ်ချင်း အိမ်က ငါ့အိမ်ပဲပေါ့ ဟုတ်တယ်မဟုတ်လား"
"yarrr အဲ့လိုနေလို့ ဘယ်ဖြစ်မှာလဲ နင်က ယောက်ျာလေး ငါက မိန်းကလေးလေ"
Chal Lin အပြောကြောင့် Taehyung ရယ်လိုက်မိသည်။
"ဘာရယ်တာလဲ Kim Taehyung ငါ အကောင်းပြောနေတာ"
"နင့် ပါးစပ်က ယောက်ျားလေး မိန်းကလေး ခွဲခြားပြီး ပြောလို့ ငါရီချင်လို့ပါ နင်တော်တော် ပြောင်းလဲလာတာပဲ ငါ့အပေါ်တောင် အမြင်တွေပြောင်းလဲလာပြီဆိုတော့ မကြာခင်……"
"Kim Taehyung နင် အရိုက်ခံထားရတာ မမှတ်သေးဘူးလား"
"အေးပါဟာ မစတော့ပါဘူး ငါ အတည်ပြောမယ် နားထောင် ငါက Seoul မှာ အလုပ်လုပ်မယ်ဆိုပြီး အိမ်ကိုပြောပြီးထွက်လာတာ ဒါပေမယ့် အခုလောလောဆယ်တော့ အလုပ်လည်း မရှာရသေး ဆိုတော့ နင့်အိမ်မှာပဲ ကပ်နေမှရမှာ ငါ အလကားတော့ မနေပါဘူး အိမ်ဌါးခ တစ်ဝက်လောက်တော့ တတ်နိုင်ပါတယ် ဘယ်လိုလဲ လက်ခံမယ်မဟုတ်လား"
သူမ က လက်ပိုက်ကာ ခေါင်းလေးမော့ပြီး စဉ်းစားဟန်ပြုလိုက်ရင်း
"အိမ်ဌါးခ တစ်ဝက်ဆိုတော့ မဆိုးပါဘူး ဒါပေမယ့် နင် အလုပ်ရပြီးရင်တော့ ပြောင်းရမယ်နော်"
"အင်းပါ စိတ်ချ……ဒါပေမယ့် အခု ငါ ဗိုက်ဆာနေပြီ ဒီရောက်ကတည်းက ဘာမှမစားရသေးဘူး"
"ငါလည်း ဘာမှ မချက်ထားဘူး ဟီးး ဟီးး ခေါက်ဆွဲပဲပြုတ်ကြတာပေါ့ ခဏစောင့် ငါသွားပြင်လိုက်ဦးမယ်"
Chal Lin ထွက်သွားမှ Taeyung သက်ပြင်းချနိုင်တော့သည်။ သူတစ်လျှောက်လုံး သူမ လက်မခံမှာကိုပဲ စိုးရိမ်နေခဲ့ရတာ……
String ( Part 7)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)