"အားးးး သေပါပြီ…… Chal Lin yarrr ငါပါဟ"

'ငါပါဟ' ဆိုတဲ့ အသံကြားမှ သူမ မျက်လုံးဖွင့်ကြည့်မိတော့ သူမရဲ့ ငယ်သူငယ်ချင်း Kim Taehyung. သူက ခေါင်းကိုပွတ်ရင်း

"ဘယ်လိုလုပ်လိုက်တာလဲ ငါ့ခေါင်းပေါက်သွားပြီလားမသိဘူး"

"Mianae!!!! နင်ကလည်း နင်ပဲ ဘာလို့ကြိုမပြောတာလဲ နောက်ပြီး ငါအိမ်သော့ဝှက်ထားတာကို ဘယ်လိုတွေ့သွားလဲ"

"ငါက နင်နဲ့ငယ်ငယ် ကတည်းက ပေါင်းလာခဲ့တဲ့သူပါ နင့်မှာဘယ်လို အကျင့်ရှိတတ်တယ် ဆိုတာလောက်တော့ ငါကောင်းကောင်းသိပြီးသား ကြိုမပြောတာကတော့ နင် အံ့သြသွားအောင်လို့"

"ခုတော့ ရိုက်ခံလိုက်ရပြီမဟုတ်လား ပြပါဦး ဘယ်နားထိသွားတာလဲ"

Taehyung က သူ့ခေါင်းကို သူမအနား တိုးပေးလိုက်၏။ သူမ သူ့ခေါင်းကိုစမ်းကြည့်ရင်း

"ဒီမှာ ဘုထ သွားတာပဲ ခဏလေး ငါ သက်သာအောင် လုပ်ပေးမယ်"

Chal Lin က သဘောရိုးနဲ့ ပုဝါတစ်ထည်ရှာပြီး ကြပ်ထုပ်ထိုးပေးနေပေမယ့် Taehyung ကတော့ သူမရဲ့ ဂရုစိုက်နေပုံကို ကြည့်ကာ ကြည်နူးနေမိသည်။ Chal Lin စိတ်ထဲမှာ သူမကို စူးစိုက်ကြည့်နေသလို ခံစားမိတာကြောင့် ကြပ်ထုပ်ထိုးပေးနေရာမှ ရပ်ကာ ကြည့်လိိုက်တော့ Taehyung ရဲ့ ပြုံးဖြီးနေတဲ့ မျက်နှာကိုတွေ့လိုက်ရ၏။

"Yah!!! Kim Taehyung ကောင်စုတ်"

Chal Lin ပါးစပ်က ပြောလည်းပြော လက်ကလည်း Taehyung ခေါင်းကိုခေါက်လိုက်လေသည်။

"arrr နင်ကလည်း နာနေတဲ့နေရာကို ဖြေးဖြေးလုပ်တာမဟုတ်ဘူး"

"တော်ပြီ ငါမလုပ်ပေးတော့ဘူး"

သူမ ပုဝါကို Taehyung ဆီထိုးပေးခဲ့ကာ ထွက်လာခဲ့လိုက်သည်။ Taehyung ကတော့ Chal Lin သူ့ကို ပစ်ပေးခဲ့တဲ့ ပုဝါကို တစ်ချက်နမ်းရှိုက်ရင်း အရင်တုန်းက အကြောင်းတွေကို ပြန်တွေးမိသည်။

သူနဲ့ Chal Lin ဆိုတာ ငယ်ငယ် ကတည်းက ဆိုးတူကောင်းဖက် ပေါင်းလာခဲ့တဲ့ ငယ်သူချင်းတွေ။ ဘယ်နေရာ သွားသွား ဘာလုပ်လုပ် အတူတူအမြဲရှိနေတတ်သည်။ Chal Lin ကို သူ မိန်းကလေး တစ်ယောက်လို့ မမြင်ခဲ့သလို Chal Lin ကလည်း သူ့ကို ယောက်ျားလေး တစ်ယောက်အဖြစ်မမြင်ခဲ့။  တဖြည်းဖြည်း အချိန်ကြာလာတာနဲ့ အမျှ သူ့ဘက်က Chal Lin အပေါ်ထားတဲ့ စိတ်တွေပြောင်းလဲလာကာ သူတို့နှစ်ယောက်ကြားမှာရှိတဲ့ အဖြူရောင် သံယောဇဉ်ကို အရောင်ပြောင်းချင်လာမိသည်။ သူ Chal Lin ကို ချစ်ကြောင်းဖွင့်ပြောတော့ သူမ လက်မခံခဲ့။ သူငယ်ချင်းတွေ အဖြစ်သာ အရင်အတိုင်း ဆက်ခင်ချင်ကြောင်း ပြောလာတာကြောင့် သူ စိတ်လျော့ခဲ့ရလေသည်။

String [Completed]Where stories live. Discover now