Chal Lin ရုတ်တရက် ထအော်လိုက်တာကြောင့် Jimin သာမက Jin ပါ သူမကို အလန့်တကြား ကြည့်လိုက်မိသည်။ သူမလည်း ပြောပြီးမှ သူမ ကိုယ်သူမ ပြန်ထိန်းကာ

"တောင်းပန်ပါတယ် MD …"

"ရပါတယ် …… မ စနဲ့တော့  ညီ … နေ့လည်စာ သွားစားရအောင်"

Jimin က ရယ်ကျဲကျဲ နှင့်ကြည့်ကာ မျက်လုံးတစ်ဖက်မှိတ်ပြပြီး Jin နောက်ကို လိုက်သွားတော့ Chal Lin တစ်ယောက်တည်း ပွစိ ပွစိပြောကာ ကျန်ခဲ့၏။

ညီအစ်ကို နှစ်ယောက် နေ့လည်စာစားရင်း

"ညီ ဘာလို့ Chal Lin ကို စိတ်ဆိုးအောင် စ ရတာလဲ …… ညီနဲ့ Chal Lin က အရင်ကတည်းက အသိတွေမို့လို့လား"

"အင်း …… တစ်ခါတွေ့ဖူးတယ် …… ကျွန်တော့်ကားကို စက်ဘီးနဲ့ ဝင်တိုက်တာလေ …… hyung မသိလို့ သူက စ လို့ကောင်းတယ် …… စိတ်ဆိုးရင်လည်း ပါးစပ်က ပွစိပွစိပြောပြီး  နှုတ်ခမ်းက တစ်တောင်လောက်နဲ့…… "

Jimin က Chal Lin အကြောင်းကို ပြောရင်း အားရပါးရ ရယ်နေလေသည်။ ပြီးမှ သူ့အစ်ကို ကြည့်နေတာကို သတိထားမိကာ ပြန်တည်လိုက်ပြီး

"hyung က သူ့ကို ဘယ်လိုဖြစ်ပြီး ခန့်ဖြစ်သွားတာလဲ"

"HR ကရွေးပေးတာလေ …… ကြည့်လိုက်တော့ သွက်သွက်လက်လက်နဲ့ ထက်မြက်မယ့်ပုံလေး ပေါ်လို့ PA ခန့်ထားတာ"

"aww … "

Jimin က ခေါင်းတစ်ဆတ်ဆတ် ငြိမ့်ကာ သူ့အတွေးနှင့်သူ ပြုံးနေတော့သည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ညနေဘက် ရုံးအပြန် Chal Lin အခန်းရှေ့ရောက်လို့ တံခါးဖွင့်ရန်ကြည့်လိုက်တော့ သော့က ဖွင့်ပြီးသားဖြစ်နေလေသည်။ သူမ အမြဲတမ်း လိုရမယ်ရ ဝှက်ထားတတ်တဲ့ သော့ကိုသွားကြည့်လိုက်တော့ သော့မရှိတော့တာကို တွေ့လိုက်ရ၏။ သူမ အိမ်ထဲမှာ တစ်ယောက်ယောက်ရှိနေမှန်း သူမ သိလိုက်တာကြောင့် အိမ်ရှေ့မှာ ထားတဲ့တုတ်ကိုယူကာ အိမ်ထဲသို့ သတိကြီးကြီးထားကာဝင်လာခဲ့သည်။ သူမ အိမ်ထဲရောက်တော့ ရေချိုးခန်းဖက်မှ အသံကြားတာကြောင့် ရေချိုးခန်းဖက်ကို အသာလေးသွားစောင့် နေလိုက်သည်။ သိပ်မကြာလိုက် ရေချိုးခန်းတံခါးပွင့်လာကာ လူတစ်ယောက်ထွက်လာလေသည်။ သူမလည်း အနောက်ကနေ ထိုလူကို လက်ထဲမှာ အသင့်ပါလာတဲ့ တုတ်နဲ့ မျက်စိစုံမှိတ်ကာ ရိုက်ချလိုက်မိသည်။

String [Completed]Where stories live. Discover now