"Yah!!! ရှင် …… ဒီအတိုင်း ဝင်လို့မရပါဘူးဆို"
"Chal Lin ဘာဖြစ်လာတာလဲ …… aww ညီ ……"
"ညီ??? ဒါ … ဒါ MD ရဲ့ ညီလား"
ကောင်မလေးက သူ့ကို တလှည့် Jin hyung ကို တစ်လှည့်ကြည့်ကာ ကြောင်နေလေသည်။
"ဟုတ်ပါတယ် ခင်ဗျ …… ဘာလဲ မယုံလို့လား …… ဘယ်လို သက်သေပြရမလဲ …… အင်းး ……"
Jimin က Chal Lin ရှေ့မှာ ပြောင်စပ်စပ် လုပ်ကာ ပြောနေတာကြောင့်
"ညီရယ် …… မစပါနဲ့တော့ …… Chal Lin သွားလို့ရပြီ"
"ဟုတ်"
Chal Lin ထွက်သွားတော့ Jin …… Jimin ဘက်ကို လှည့်ကာ
"ညီက အကြောင်းမကြား ဘာမကြားနဲ့ …… ဘယ်လို ရောက်လာတာလဲ … ဘာဖြစ်လို့လဲ Company ကို တခါမှ မလာဖူးတဲ့သူက"
"ဘာမှမဖြစ်ပါဘူး hyung ရာ …… အိမ်မှာနေရတာ ပျင်းလာတာနဲ့ ထွက်လာတာ …… hyung နေ့လည်စာ မစားရသေးဘူး မဟုတ်လား …… အတူတူ သွားစားရအောင်"
"hyung က …… အလုပ်တွေ မပြီးသေးဘူး …"
"arr …… hyung ကလည်း အဲ့ဒီ့အလုပ်တွေက တစ်သက်လုံးလုပ်လို့ရတယ် …… အစားဆိုတာ အချိန်မှန်စားရတယ် … "
Jimin …… Jin လက်ကို အတင်းဆွဲပြီး ခေါ်မှ ထလာလေသည်။ အခန်းပြင် ရောက်တော့ Jimin က Chal Lin ကို ကြည့်ရင်း
"Hyung …… အတွင်းရေးမှူးကို ဘယ်လိုခန့်ထားတာလဲ …… နည်းနည်း ချောချောလှလှ စတိုင်လ်ကျကျကို ခန့်တာ မဟုတ်ဘူး …… ပြီးတော့ ဦးနှောက်လည်း သိပ်ကောင်းပုံ မရဘူး"
ပြုံးဖြီးဖြီးလုပ်ကာ ပြောနေတဲ့ Jimin ကိုကြည့််ပြီး Chal Lin မျက်စောင်း တစ်ချက်ထိုးလိုက်၏။ မန်နေးဂျင်း ရှေ့မှာမို့လို့သာ သူမ ငြိမ်နေရပေမယ့် စိတ်ထဲမှတော့ ကျိန်ဆဲနေမိသည်။
"ညီ …… ဘာလို့ အဲ့လိုပြောတာလဲ …… Chal Lin ကို အားနာစရာ ကောင်းတယ်"
"hyung ကလည်း သူက ကျွန်တော့်ကိုမှ မမှတ်မိတာ အဲ့ဒါကြောင့် ဦးနှောက် မကောင်းဘူး ပြောတာပေါ့ …… ပြီးတော့လည်း ရုပ်က ……"
"Yah!!! နင်တော်တော့နော် …… ငါ စိတ်တိုလာပြီ …… မမှတ်မိတာ မဟုတ်ဘူး မသိချင်ယောင်ဆောင် နေတာ ရှင်းလား…… ပြီးတော့ ရုပ်က …… ဆိုတော့ ငါ့ရုပ်က ဘာဖြစ်နေလို့လဲ"
String ( Part 7)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)