ထိုလူက Soon Young ပေးလိုက်တဲ့ စာအိတ်ကိုကြည့်ပြီး မျက်မှောင်ကျုံ့လိုက်ကာ
"အဲ့ဒါက ဘာတွေလဲ"
"ဦးလေး သမီးကို မူးလာတိုင်း နှိပ်စက်ခဲ့ပါတယ် ဆိုတဲ့ သက်သေလေ ...... ရှိတုန်းကတော့ နှိပ်စက်ခဲ့ပြီး ဆေးမကုဘဲ ထားပြီး အခုမှ လျော်ကြေးရချင်တာတော့ မဖြစ်သင့်ဘူးထင်တယ်"
"မင်း ...... အခု ငါ့ကို ခြိမ်းခြောက်နေတာလား"
"ခြိမ်းခြောက်တယ် ??? မဟုတ်ပါဘူး...... ဦးလေး တရားစွဲချင်တယ် ဆိုရင် သိထားရအောင် ပြောပြယုံပါ ...... ဒီ သက်သေတွေက အမှန်တွေ မဟုတ်ဘူးလို့ ဦးလေး သေချာပြောနိုင်တယ် ဆိုရင် ... ဦးလေး ပြောတဲ့ အတိုင်း တောင်းပန်ပေးမယ်"
"မင်းး ...... မင်းတို့ သားသမီး တစ်ယောက်လုံးကို ဆုံးရှုံးရတဲ့ မိဘရဲ့ ခံစားချက်ကို နားမလည်ဘဲ ...... အခု ငါ့ကို အပြစ်တင်နေတာလား"
"ဦးလေးသာ မိဘပီသမယ်ဆို ဦးလေးလုပ်ခဲ့တဲ့ အရာတွေ အတွက် ဦးလေးသမီးကို တောင်းပန်သင့်တယ် ...... သူ အသက်ရှိစဉ်တုန်းက ဦးလေးဆီကရတဲ့ ဂရုစိုက်မှုမျိုးကို ဘယ်လောက်လိုချင်ခဲ့မလဲ ဦးလေးတစ်ခါမှ မတွေးမိဘူး မဟုတ်လား"
Soon Young စကားကြောင့် ထိုလူ ငြိမ်သွားကာ အတော်ကြာ ငိုင်သွားပြီး ......
"တောင်းပန်ပါတယ် ...... ဒေါက်တာ အစွမ်းကုန် ကုပေးခဲ့တာကိုလည်း နားလည်ပါတယ် ...... ဦးလေးကိုယ်ဦးလေး မှားမှန်းသိတာကို ဝန်မခံချင်ဘဲ သူများကို ရန်ရှာမိတဲ့ အတွက် ခွင့်လွှတ်ပေးပါ ...... ပြီးတော့ ဒီလိုတရားစွဲဖို့ကိုလည်း လုပ်ခိုင်းတဲ့သူ ရှိလို့လုပ်ရတာပါ"
"လုပ်ခိုင်းတဲ့သူ ဟုတ်လား"
"ဟုတ်ပါတယ် ဘယ်သူလဲ ဆိုတာတော့ မပြောပါရစေနဲ့"
"ဦးလေး မပြောချင်လည်း ရပါတယ် ...... ခုလောက်နဲ့ပဲ နားလည်ပေးနိုင်တဲ့ အတွက် ကျေးဇူးတင်ပါတယ် ...... ဦးလေး သမီးအတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ် ... ကျန်တဲ့မိသားစုတွေကိုလည်း အခုလိုထပ်တူညီတဲ့ အဖြစ်မျိုးမရှိအောင် ဦးလေးစောင့်ရှောက်ပါ"
"စိတ်ချပါ ...... ဦးလေးစောင့်ရှောက်မှာပါ"
ထိုလူပြန်သွားတော့မှ Jimin က လက်မထောင်ကာ
"wow ...... Shin Soon Young အရမ်းမိုက်တယ် ......လုံးဝ smart ပဲ ...... ငါတော့ နင့်အရည်အချင်းကို အရမ်းသဘောကျသွားပြီ ...... ဒီလိုအေးအေးဆေးဆေး ပြီးသွားမယ်လို့ ငါထင်တောင် မထင်ထားခဲ့ဘူး"
"အရမ်း လည်း မမြှောက်ပါနဲ့ဟာ အဲ့လောက်လည်း မဟုတ်ပါဘူး"
"ဒါနဲ့ တရားစွဲခိုင်းတဲ့ သူက ဘယ်သူလည်း မသိဘူး ...... သူများ ဒုက္ခရောက်အောင် သက်သက်ယုတ်မာတာ"
Soon Young ဘာမှမပြောဘဲ ငြိမ်နေလိုက်၏။ သူမ သိပါတယ် ...... ဒါ ဘယ်သူလုပ်ခိုင်းလဲ ဆိုတာ ...... သူတို့ သားအမိ သူမ အလုပ်မှာ နှောင့်ယှက်တာ ဒါ ပထမဆုံး အကြိမ်မှ မဟုတ်ခဲ့တာ ...... Jimin က
"Soon Young နင် ရော အဲ့ဒါ ဘယ်သူတွေလဲ ဆိုတာသိလား"
"ငါက ဘယ်လိုလုပ်သိမှာလဲ ...... အခြား ဘာမှ မရှိဘူးဆိုရင် ငါပြန်တော့မယ်"
"ခဏနေပါဦး ...... တူတူပြန်တာပေါ့ ......ပြီးတော့ ငါ နင့်ကို မေးစရာလည်း နည်းနည်းရှိတယ်"
"ဘာမေးမလို့လဲ ... ပြော"
"နင် ငါ့အစ်ကို ကို သိလား"
"အင်း သိတယ်လေ ...... ဘာဖြစ်လို့လဲ"
"ရင်းနှီးလား ......"
"သိပ်တော့မရင်းနှီးပါဘူး ...... ခေါ်ပြော နှုတ်ဆက်ရုံ လောက်ပါပဲ ...... ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ပါဘူး ...... ဒီအတိုင်းပဲ မေးကြည့်တာပါ ...... ပြန်ရအောင်လေ ... ငါ နင့်ကို လိုက်ပို့ပေးမယ်"
"မလိုပါဘူး ...... ငါ ကိုယ့်ဟာကိုယ်ပဲ ပြန်လိုက်ပါ့မယ် ...... သွားတော့မယ်"
Jimin သူ့ကို နှုတ်ဆက်ကာ ထွက်သွားတဲ့ Soon Young ကို ကြည့်ရင်း အစီအစဉ်တစ်ခုကို အကောင်အထည် ဖော်ရန် ဆုံးဖြတ်လိုက်၏။
xxxxxxxxxxxxxxxxx
to be continued
String ( Part 6)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)