String ( Part 6)

Magsimula sa umpisa
                                        

"စိတ်မဆိုးပါဘူးသာ ဆိုတယ် စကားလည်း မပြောဘူး ...... ဘာဖြစ်နေတာလဲ ...... နင်နဲ့ငါက တစ်ခုခုဆို အမြဲ တိုင်ပင်နေကျပါ"

Soon Young ပြောလိုက်တော့ Hae Yoon ခဏငြိမ်ကျသွားပြီးမှ

"Soon ငါ့ကို အမှန်အတိုင်းဖြေနော် ...... နင်နဲ့ Jimin က ချစ်သူတွေဖြစ်နေကြပြီလား"

"ဘာ ...... Hae Yoon ဘယ်လိုမေးလိုက်တာလဲ ...... ငါက ဘာလို့ Jimin နဲ့ ချစ်သူတွေဖြစ်ရမှာလဲ"

"ဆေးရုံက လူတွေက ပြောနေကြတာပဲ ...... ပြီးတော့ နင် အရင်က ဘယ်သူနဲ့မှ ရင်းရင်းနှီးနှီး မနေဖူးဘူးလေ"

"arrr ...... လူတွေကလည်း ခက်တာပဲ ...... သူများကိစ္စဆို တကယ်ပဲ ......အဲ့ဒါနဲ့ပဲ နင်က စကားမပြောနိုင်ဖြစ်နေတာလား"

Hae Yoon ခေါင်းကို အသာညိမ့်လိုက်တော့ Soon Young က ရယ်ကာ

"Hae Yoon ရယ် တော်တော်ရူးတာပဲ ...... စိတ်ချ ငါ နင့်ရဲ့ Park Jimin ကို မလုပါဘူး ...... Jimin က ငါ့ကိုကယ်ခဲ့တယ် ပြီးတော့ သူနဲ့လည်း ပြောစရာကိစ္စတွေက ရှိနေတော့ ရင်းနှီးသလို ဖြစ်သွားတာပါ ...... လူတွေကလည်း ကိုယ့်ဟာကိုယ် အေးဆေးမနေဘူး သူများအကြောင်းပဲ လိုက်စပ်စုနေတာပဲ"

"တော်သေးတာပေါ့ ...... ဟီး"

အခုမှ Hae Yoon ရယ်နိုင်လေသည်။ Soon Young သူမ သူငယ်ချင်း အဖြစ်ကိုကြည့်ကာ ရယ်မိ၏။

xxxxxxxxxxxxxxxxxxxxxxxx

"Soon Young ... ဒီမှာ"

Soon Young ... Jimin ထိုင်နေတဲ့ စားပွဲရှေ့မှာ ဝင်ထိုင်ရင်း

"ငါတို့ကို ဒီမှာ ချိန်းပြီးတော့ ဟိုလူ မလာသေးဘူးလား"

"အင်း ...... မလာသေးဘူး"

သူတို့ ထိုင်စောင့်ပြီး ခဏကြာတော့ ထိုလူ ဝင်လာလေသည်။

"ဘာလဲ မင်းတို့အမှားကို သိလို့ကိုယ်တိုင်ကိုယ်ကျ လာတောင်းပန်တာလား ...... ဒါပေမယ့် အခုချိန်မှ ဒီအတိုင်းလာတောင်းပန်တာကို ငါ လက်မခံနိုင်ဘူး......တောင်းပန်ချင်တယ်ဆိုရင် လူတွေရှေ့မှာ ငါ့ကို မင်းတို့နှစ်ယောက်လုံး ဒူးထောက်တောင်းပန်ရမယ် ... မဟုတ်ရင်တော့ ငါက တရားစွဲရမှာပဲ"

Jimin ဒေါသကြောင့် ပြန်ပြောမယ်လုပ်တော့ Soon Young ကဆွဲထားကာ

"ဦးလေး... တောင်းပန်စေချင်တယ်ဆိုရင် တောင်းပန်ပါ့မယ် ...... ဒါပေမယ့် ဒါကို တစ်ချက်လောက်တော့ ကြည့်ဖို့လိုမယ်ထင်တယ်"

String [Completed]Tahanan ng mga kuwento. Tumuklas ngayon