Jin သူ့ညီကို အံ့သြစွာ ကြည့်လိုက်မိသည်။ Jimin ကတော့ ဘာမှ မထူးဆန်းသည့်အလား မှင်သေသေနှင့် နေနေလေသည်။

"ညီ ဘယ်လိုပြောလိုက်တာလဲ"

"ညီ Soon Young ကို ချစ်တယ်"

"ညီ ... နောက်နေတာ မဟုတ်လား ...... ဒီလို မနောက်ပါနဲ့"

"မဟုတ်ဘူး hyung ...... ညီ အတည်ပြောတာ ...... ညီ Soon Young ကို တကယ်ချစ်မိသွားတာ ...... အစတုန်းကတော့ ကြည့်မရပေမယ့် တကယ်ပေါင်းကြည့်တော့ Soon Young မှာ ချစ်စရာကောင်းတဲ့ အချက်တွေရှိနေတယ် ဆိုတာ သိရတယ် ...... ဒါကို အစကတည်းက ဘာလို့ မမြင်မိလည်း မသိဘူး"

Jimin ပြောရင်း ဆံပင်တွေကို ဖွကာ ပြုံးလိုက်၏။ Jin သူ့ညီကို အကြောင်သားကြည့်နေမိသည်။ အရင်က သူ့ညီပြုံးနေတာမြင်ရင် ပျော်နေခဲ့ရသလောက် ဒီတကြိမ် သူ့ရင်တွေ ဘာလို့ နာကျင်နေပါလိမ့် ......

"ညီ ...... Soon Young က အရင် ညီ အပျော်ထားခဲ့တဲ့ မိန်းကလေးတွေလို မဟုတ်ဘူး"

"ညီလည်း သူ့ကို အပျော်သဘော မရည်ရွယ်ပါဘူး ...... ဒီတခါ အတည်တွဲမှာ"

"ဘာလို့ ညီ အခုလိုပြောရက်တာလဲ ...... Soon Young ကို hyung ချစ်နေမှန်း သိလျက်နဲ့"

"Soon Young နဲ့ hyung က ချစ််သူတွေ မဟုတ်သလို ...... hyung လည်း ဘယ်တုန်းကမှ ဖွင့်မပြောခဲ့ဘူးလေ ...... ညီ့မှာ Soon Young နဲ့ နီးစပ်ဖို့ ကြိုးစားပိုင်ခွင့် အပြည့်ရှိတယ်လို့ ညီ ထင်တယ်"

"ညီ မှန်ပါတယ် ...... ညီ့မှာ ကြိုးစားပိုင်ခွင့် ရှိပါတယ် ...... အဲ့လိုပဲ hyung မှာလည်း ကြိုးစားပိုင်ခွင့်ရှိတယ် ...... ဒါပေမယ့် hyung မလုပ်ဘူး ...... ဘယ်တော့မှာလည်း လုပ်မှာ မဟုတ်ဘူး ...... အဲ့ဒါ ညီဖြစ်နေလို့"

Jin ပြောပြီး ကားပေါ်မှဆင်းကာ အိမ်ထဲဝင်သွားလေသည်။ Jimin သူ့အစ်ကို နောက်ကျောကို ကြည့်ရင်း သက်ပြင်းချလိုက်မိ၏။

xxxxxxxxxxxxxxxxxxxxxx

အိမ်အပြန်လမ်း တစ်လျှောက်လုံး စကားတစ်ခွန်းမှ မပြောတဲ့ Hae Yoon ကို Soon Young အကဲခတ်နေမိသည်။ အရင်ဆို Hae Yoon ကပဲ ဦးဆောင်ကာ စကားတွေ ဖောင်ဖွဲ့အောင် ပြောနေကျ ......

" ငါ့ကို စိတ်ဆိုးနေတာလား Hae Yoon"

"မဟုတ်ပါဘူး စိတ်မဆိုးပါဘူး ......"

String [Completed]Where stories live. Discover now