Soon Young စကားကို Jimin စိတ်ဝင်စားသွား၏။
"ဘယ်လိုမျိုးလဲ"
"မသိချင်ပါနဲ့ ..... ငါသွားတော့မယ် ..... ဌါနမှာ ဆရာဝန်မရှိလို့ ...... နင်လည်း မြန်မြန် ဆင်းလာခဲ့ဦး"
Soon Young ပြောပြီး ပြန်ဆင်းသွားတော့ Jimin တစ်ယောက် Soon Young အနောက်ကနေလိုက်ကာ သူသိချင်တာကို တတွတ်တွတ် မေးနေလေတော့သည်။
Xxxxxxxxxxxxxxxxxxxxx
Soon Young ညနေခင်း အိမ်ပြန်ရန် အဝတ်အစားလဲဖို့ နားနေခန်းထဲ ဝင်လာတော့ Hae Yoon မျက်နှာမကောင်း တာကို သတိထားလိုက်မိ၏။
"Hae Yoon ဘာဖြစ်လို့လဲ နေမကောင်းဘူးလား .... မျက်နှာလည်းမကောင်းဘူး"
"ဘာမှ မဖြစ်ပါဘူး .... ငါ ပြန်နှင့်တော့မယ် ...."
"အဲ့ဒါဆိုလည်း ခဏလောက်စောင့်လေ တူတူသွားရအောင်"
သူမ စကားအတိုင်း Hae Yoon က ထိုင်စောင့် နေလေသည်။ သူမ အဝတ်အစားလဲ ပြီးနှစ်ယောက်သား ဆေးရုံမှ ထွက်လာခဲ့တော့ ဆေးရုံအဝတွင် သူ့အစ်ကို လာခေါ်တာကို စောင့်နေတဲ့ Jimin နှင့် တွေ့လေသည်။ Jimin က သူတို့ နှစ်ယောက်ကို မြင်တော့ သူတို့နား လျှောက်လာကာ
"Soon Young နင် မနက်ဖြန် ဟိုလူဆီသွားမယ်ဆို ငါလည်းလိုက်ခဲ့မယ်"
"အင်း လိုက်ခဲ့လေ.... နင်ပါတော့ ငါလည်း အဖော်ရတာပေါ့"
"ငါ လာခေါ်ရမလား..."
"နေပါစေ .... ဟိုရောက်မှပဲ ဆုံကြတာပေါ့"
"အင်း ..... aww .... ဟိုမှာ Hyung ရဲ့ ကားလာနေပြီ .... သွားတော့မယ် ...... Hae Yoon သွားတော့မယ်နော်"
Jimin က Soon Young တို့နှစ်ယောက်ကို လက်ပြကာ ကားပေါ်တက်သွား၏။ Jimin ကားပေါ်ရောက်တော့ Jin က
"ခုနက ညီနဲ့ Soon Young မဟုတ်လား ....."
"အင်း .... "
Jimin က စိတ်မပါသလိုပြန်ဖြေလိုက်တာကြောင့် Jin လည်း ဘာမှမပြောတော့ဘဲ ကားကို မောင်းထွက်လိုက်၏။ Jimin ကတော့ ထူးထူးခြားခြား တစ်လမ်းလုံး ငြိမ်သက်စွာ လိုက်ပါလာလေသည်။ အိမ်ရှေ့ရောက်လို့ ကားရပ်လိုက်တော့ Jimin က ရုတ်တရက် ......
"hyung ...... ညီ Soon Young ကို ချစ်မိသွားပြီ"
"ညီ !!!!!"
String ( Part 6)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)