"ဟာ ..... ဆရာကလည်း ... အဲ့ဒါတော့ အဓိပ္ပါယ် မရှိတာပဲ"

"Jimin .... တော်တော့"

Soon Young .... Jimin ကို အတင်းဆွဲကာ ဆေးရုံအုပ်အခန်းမှ ထွက်လာခဲ့၏။ အပြင်ရောက်တော့

"Yah!!! Shin Soon Young ... နင်ရူးသွားပြီလား .... ကိုယ့်မှာ အမှားမရှိတာကို ဘာလို့တောင်းပန်မှာလဲ ..... arrr .... ဟုတ်သားပဲ မေ့သွားလို့ ...... နင်က နဂိုကတည်းက စိတ်မှ မမှန်တာ ...... တောင်းပန်ချင် နင်ပဲသွားတောင်းပန် .... ငါတော့ မလိုက်နိုင်ဘူး"

Jimin က ပြောပြီးတာနှင့် သူမ ရှေ့ကနေထွက်သွားတော့သည်။ Soon Young ကတော့ သူ့ကို ကြည့်ကာ သက်ပြင်းချလျက် ကျန်ခဲ့၏။

Xxxxxxxxxxxxxxxxxxxxxxx

Jimin ဆေးရုံ ခေါင်မိုးထပ်မှာ လုပ်ထားတဲ့ ပန်းခြံလေးထဲမှာ ထိုင်ရင်း တစ်ယောက်တည်း ဒေါသတွေထွက်နေမိသည်။ ဒီအခြေအနေမှာ အလုပ်လုပ်လို့လည်း အဆင်ပြေနိုင်မှာ မဟုတ် ...... ခဏနေ သူ့အနောက်ဖက်ဆီမှ ခြေသံကြားလို့လှည့်ကြည့်မိတော့ Shin Soon Young ........ သူ စကားမပြောချင်တာကြောင့် တဖက်ကို မျက်နှာလွှဲထားလိုက်၏။ Soon Young က သူ့ရှေ့မှာရပ်လိုက်တော့ သူမော့ကြည့်ကာ

"ဘာလဲ..... ဟိုလူကိုတောင်းပန်ခိုင်း ဦးမလို့လား .... Sorry ပဲ .... ငါလုံးဝမလုပ်နိုင်ဘူး"

"နင် တောင်းပန်စရာမလိုပါဘူး .... ငါကြောင့် ဖြစ်ရတာမို့လို့ ငါပဲသွားမှာပါ ... ရော့ ...."

သူမက သူမလက်ထဲက ကော်ဖီအေးဗူးလေးထိုးပေးလိုက်တော့ Jimin မျက်မှောင် ကျုံ့ကြည့်ကာ

"ဒါက ဘာလဲ"

"စိတ်ကြည်သွားအောင် သောက်ရအောင်လို့ ပေးတာ ...... ပြီးတော့ ငါ့ အသက်ကို ကယ်ပေးလို့ရော ... ဒီနေ့ ငါ့ဘက်က ပြောပေးတဲ့ အတွက်ရော .... ကျေးဇူးတင်ပါတယ်"

Jimin က သူမ လက်ထဲက ကော်ဖီဗူးကို လှမ်းယူကာ ဖောက်သောက်လိုက်ရင်း

"ကျေးဇူးတင်စရာ မလိုပါဘူး .... အဲ့ဒီ့အတွက် ငါကတော့ နောင်တရမိတယ်..... ဒါနဲ့ နင် တကယ်ပဲ အဲ့လူကို သွားတောင်းပန်မှာလား "

"သွားရမှာပေါ့ ..... ဒါပေမယ့် ဒီအတိုင်းတော့ တောင်းပန်မှာမဟုတ်ဘူး"

String [Completed]Where stories live. Discover now