"ဒါက ဘယ်လဲ Shin Soon Young လူကြီးတွေ ထိုင်နေတာကို နှုတ်ဆက်ရမယ် ဆိုတဲ့ အသိတရား မရှိဘူးလား"

Soon Young အပေါ်ထပ်တက်မယ့် ခြေလှမ်းတွေကို ရပ်ကာ သူမ အဖေဘက်ပြန်လှည့် လိုက်ပြီး ဦးညွတ် ဂါရဝပြုလိုက်၏။

"အခု ဘယ်ကနေ ပြန်လာတာလဲ ..... နင့်လုပ်ပုံက လူကြီးတွေကို ဘယ်လောက်စိတ်ပူ စေလဲသိလား .... ထစ်ကနဲရှိ အိမ်ကနေထွက်သွားက ဘာအချိုးလဲ .... နောက်ကို အဲ့လိုထွက်သွားမယ် ဆိုရင် ပြန်မလာနဲ့"

"စိတ်ချပါ နောက်တခါဆို ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူး .... အခုတောင် ပြန်လာမိတာကို နောင်တရတယ်"

Soon Young သူမ မျက်ဝန်းအိမ်ဆီမှ ကျလုဆဲ မျက်ရည်တွေကို ထိန်းကာ ခပ်မာမာပင်ပြန်ပြောလိုက်မိသည်။

"Shin Soon Young နင် ငါ့ကို ရွဲ့နေတာလား .... အဖေကိုလည်း ပြန်ပြောလိုက်တာ ပက်ခနဲပဲ .... ဘယ်လိုသွန်သင် သွန်သင် ယဉ်ကျေးမှုကို မရှိဘူး ..... Hyeri နဲ့ များတခြားစီပဲ .... နင် ငါ့သမီး မဖြစ်ခဲ့ဖို့ကောင်းတာ"

"သမီးကရော အဖေ့ သမီးဖြစ်ချင်တယ်လို့ ပြောမိလို့လား .... ပြီးတော့ သမီးကို အဲ့ဒီ့ အဆင့်အတန်းမရှိတဲ့ ဟာတွေနဲ့ ... မနှိုင်းနဲ့"

"နင် ဘယ်လိုပြောလိုက်တာလဲ Shin Soon Young ..... သူများကို အဆင့်အတန်းမရှိဘူးလို့ ပြောရအောင် နင်ကရော ဘယ်လောက်တောင် တော်နေလို့လဲ"

ပြောရင်းမှ သားအဖနှစ်ယောက်၏ တိုက်ပွဲက ပို၍ပြင်းထန်လာလေသည်။ Soon Young မျက်လုံးတွေ သူမ မိထွေးဖက်ရောက်သွားမိတော့ သူမ မိထွေးက သူတို့သားအဖ နှစ်ယောက် အဖြစ်ကို ကျေနပ်စွာ ကြည့်နေလေသည်။ သူမ မုန်းသည် ..... အဲ့ အကြည့်တွေ .... သူမ အဲ့ဒီ့ မိန်းမကို အရမ်းမုန်းသည်။ အဲ့ဒီ့မိန်းမကို အိမ်ပေါ်ခေါ်တင်ခဲ့သည့် သူမ အဖေကိုလည်း မုန်းသည်။ သူမ အမုန်းဆုံးက အဲ့ဒီ့မိန်းမနဲ့ လက်ထပ်ထားပါလျက်နဲ့ လူပျိုဟန်ဆောင်ပြီး အမေ့ကို ယူခဲ့တာပဲ ..... ပြီးတော့ အမေ့ကိုလည်း စိတ်ဆင်းရဲ အောင်လုပ်ခဲ့ ကြသေးသည်။

သူမ နှစ်ယောက်လုံးကို နာကြည်းစွာနှင့်ကြည့်ကာ အဖေ့ရဲ့ အသံကို ဥပက္ခာပြုရင်း အခန်းထဲသို့ဝင်ခဲ့လိုက်၏။ အခန်းထဲရောက်တော့ သူမ အိပ်ရာဘေးမှာထိုင်ချရင်း စားပွဲပေါ်တင်ထားတဲ့ အမေ့ပုံကို ကြည့်ကာ ကလေးတစ်ယောက်လို ငိုကြွေးနေမိတော့သည်။

String [Completed]Where stories live. Discover now