Jin ပြောသလို နည်းနည်းလည်း မှောင်စပျိုးနေတာမို့ Soon Young မငြင်းတော့ဘဲ စက်ဘီးကို Jin ဆီ ပေးလိုက်၏။ အပြန်မှာတော့ Jin တေးသွားတစ်ပုဒ်ကို လေချွန်ကာ စက်ဘီးကို နှေးနှေးပဲနင်းနေလေသည်။ သူ့ အနောက်မှာပါလာတဲ့ Soon Young ကတော့ သူမ အတွေးနှင့်သူမ တိတ်ဆိတ်နေလေရဲ့ ....
"Soon Young shi ... တစ်ယောက်ယောက်ကို သတိရနေတာလား"
ရုတ်တရက် ပြောလာတဲ့ သူ့စကားကြောင့် သူမ အံ့သြသွားရသည်။ သူမ တစ်ယောက်ယောက် ကို သတိရနေတယ်ဆိုတာကို သူဘယ်လိုသိနေတာလဲ???? သူက တကယ်ပဲ Seokjin oppa ဖြစ်နေတာလား??
"ရှင်က Seokjin oppa လား???"
"အဲ့ဒီ့ Seokjin ဆိုတဲ့လူက Soon Young အတွက် အရေးပါတဲ့ လူလား"
Jin သူမ စိတ်ကိုသိချင်တာကြောင့် တမင်မေးလိုက်မိ၏။
"အင်း .... အရေးပါတယ် ... ကျွန်မ အမေပြီးရင် အရေးပါဆုံးလူတစ်ယောက်ပဲ ... သူက ကျွန်မ ငယ်ငယ်လေးကတည်းက အစ်ကို အရင်းတစ်ယောက်လို ကျွန်မကို စောင့်ရှောက်ပေးခဲ့တယ်.... ငယ်ငယ်က ကျွန်မ ကြောက်နေတဲ့ အချိန်တိုင်း ကျွန်မ အနားမှာအမြဲရှိပေးခဲ့တယ် ..... သူနဲ့ကျွန်မက ငယ်ငယ်လေးကတည်းက ကွဲသွားကြတာ..... သူက ကျွန်မကို ဆက်ဆက်ပြန်လာမယ်လို့ပြောသွားဖူးတယ်..... ဒီနှစ်တွေအတွင်းမှာ ကျွန်မ သူ့ကိုအရမ်းသတိရတာပဲ ....... ဒါပေမယ့် သူနဲ့ကွဲသွားပြီးတဲ့ အချိန်ကတည်းက ဘယ်တော့မှမတွေ့ဖြစ်တော့ဘူးလေ .... ဖြစ်နိုင်မယ်ဆိုရင်တော့ ကျွန်မ သူနဲ့ပြန်ဆုံချင်သေးတယ်"
သူမ စကားအဆုံးမှာတော့ Jin နှစ်ခြိုက်စွာပြုံးလိုက်ပြီး
"Soon Young သာ တကယ်ပြန်ဆုံချင်တဲ့စိတ်ရှိတယ်ဆို သူ ပြောထားတဲ့အတိုင်း Soon Young ဆီပြန်လာလိမ့်မယ်လို့ ကိုယ်ယုံတယ်"
"ဒါဆို ရှင်က Seokjin oppa မဟုတ်ဘူးပေါ့"
"ကိုယ်က Seokjin မဟုတ်ရင် Soon Young က မခင်တော့ဘူးလား"
Soon Young က ပြန်မဖြေဘဲ စကားလွှဲကာ
"ရှေ့မှာ စက်ရုံမှူးကားနဲ့တူတယ် ..... ရှင် ဒီကနေပဲ ပြန်လိုက်တော့လေ .... ရှေ့နားဆို ကျောင်းရောက်ပြီပဲ"
Jin လည်း စက်ဘီးရပ်ပေးလိုက်ကာ စက်ရုံမှူးကားအလာကို ရပ်စောင့်နေလိုက်၏ Soon Young ကတော့ စက်ဘီးလေးကို တွန်းပြီး မိဘမဲ့ကျောင်းထဲသို့ ဝင်သွားလေသည်။ Jin သူမ နောက်ကျောကိုကြည့်ရင်း ငေးနေမိတာ ဦးလေး ကားဟွန်းတီးမှပဲ အသိပြန်ဝင်လာတဲ့ အထိပင် ... သူ ကားပေါ်တက်တော့ ဦးလေးက
"သူဌေးလေး ဒေါက်တာ့ကို စိတ်ဝင်စားနေတာလား"
Seokjin ပြုံးလိုက်ရင်း
"အမှန်အတိုင်းပြောရရင်တော့ စိတ်ဝင်စားတယ် .... အခုမှ မဟုတ်ဘူး ဟိုးအရင်ကတည်းက .... ဒါပေမယ့် အခုမှ ရင်းနှီးမှုယူနေတုန်းပါ"
"သူဌေးလေး အဆင်ပြေလိမ့်မယ်လို့ ဦးလေးယုံတယ်"
"ဦးလေး ကတော့ မြှောက်နေပြန်ပြီ .... ကျွန်တော် အရည်အချင်းမရှိလို့ ဒီလောက်ကြာနေတာပေါ့ ..... မဟုတ်ရင် လက်ထပ်လို့တောင်ပြီးနေလောက်ပြီ"
"ဒါဆိုရင်တော့ .... သူဌေးလေး ညီ ဆီကနေ ပညာတွေ သင်ထားဖို့လိုနေပြီ ..."
"ဟုတ်တယ် ဦးလေးရေ.... ကျွန်တော် အလုပ် မလုပ်ခင် ကတည်းက ညီလေး ဆီက ပညာယူထားဖို့ကောင်းတာ"
နှစ်ယောက်သား ပြောပြီး ရယ်လိုက်ကြ၏။ Soon Young စိတ်ကိုလည်း အနည်းငယ် သိရပြီမို့ သူမနဲ့ နီးစပ်ဖို့ ဆိုရင် သူက Kim Seokjin ဆိုတာကို ပြောပြမှဖြစ်မည် ဟုတွေးလိုက်မိသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
to be continued
String ( Part 3)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)