"ရှင် ... ဘယ်သူလဲ ..... Seokjin oppa လား"
သူမ ဆီမှ Seokjin oppa ဆိုတဲ့ အသံကြောင့် သူ ဝမ်းသာသွားမိသည်။ သူမက အခုချိန် အထိ သူ့ကိုမှတ်မိနေတာလား ??? ဒါဆို သူ့မှာမျှော်လင့်ချက်ရှိသေးတာပေါ့.... သူ ပြောမလို့ ပြင်လိုက်စဉ်မှာပင် သူ့ဆီ ဖုန်းဝင်လာတာကြောင့် ပြောလက်စ စကားကိုရပ်ကာ ဖုန်းကိုင်လိုက်၏။
"ဘာ.... ဟုတ်ပြီ ဦးလေး .... ကျွန်တော် အခုပဲ လာခဲ့မယ်"
Jin ဖုန်းချပြီးတာနဲ့ Soon Young ဘက်လှည့်ကာ
"Soon Young shi စက်ရုံမှာ အလုပ်သမားတစ်ယောက် အက်ဆီးဒင့်ဖြစ်လို့ Soon Young လိုက်ခဲ့ပေးလို့ရမလား"
"ရပါတယ် .... ဒါဆိုမြန်မြန်သွားမှ ဖြစ်မှာပေါ့ ..... ခဏလေး ဆေးအိတ်ယူပြီးလာခဲ့မယ်"
Soon Young ဆေးအိတ်ယူပြီးထွက်လာတော့ စက်ဘီးတစ်စီးနှင့် အသင့်စောင့်နေတဲ့ သူ့ကိုတွေ့လိုက်ရ၏။
"စက်ဘီးနဲ့ သွားမလို့လား"
"အင်း လောလောဆယ် အမြန်သွားနိုင်တာဆိုလို့ စက်ဘီးပဲရှိတာပဲ"
သူမ တက်သင့်မတက်သင့် စဉ်းစားနေတာကို သူရိပ်စားမိလို့လားမသိ သူက ဆက်၍
"စိတ်ချပါ ... ကိုယ်စက်ဘီးစီး ကျွမ်းကျင်ပါတယ် .... တက်"
Soon Young သက်ပြင်းတစ်ချက်ချကာ သူ့စကားကို ယုံကြည်စွာနှင့်ပင် စက်ဘီးအနောက်ခုံမှာ ထိုင်လိုက်၏။ သူမ စက်ဘီးပေါ်ကိုတက်ပြီးတာနဲ့ သူ စက်ဘီးကို တဟုန်ထိုးနင်းထွက်လိုက်ချိန်မှာတော့ သူမ စက်ဘီးခုံကိုသာ မြဲမြဲဆုပ်ကိုင်ထားလိုက်တော့သည်။
ဒါဏ်ရာရသွားတဲ့ အလုပ်သမားကို ဆေးထည့်ပေးပြီး ဆေးရုံပို့ဖို့မှာကာ သူမ ပြန်မယ်လုပ်တော့ သူက
"Soon Young တစ်ယောက်တည်း မပြန်ပါနဲ့ ဒီကနေကျောင်းကိုက နည်းနည်းဝေးတယ် မိုးလည်းချုပ်တော့မှာဆိုတော့ ကိုယ်လိုက်ပို့ပေးပါ့မယ်"
"နေပါစေ ကျွန်မကို လိုက်ပို့ပေးတော့ ရှင် အပြန်ခက်နေမှာပေါ့"
"ကိုယ််က ယောက်ျားလေးပဲ ကိစ္စမရှိပါဘူး ဦးလေးဆေးရုံပို့ပေးပြီး အပြန်ကို ဝင်ခေါ်ခိုင်းလည်းရပါတယ် ... စက်ဘီးကိုယ့်ကိုပေး"
String ( Part 3)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)