ဆရာမကြီး ဦးဆောင်ရာသို့လိုက်သွားကာ ကလေးတွေကို ရေချိုးပေး၊ ထမင်းကျွေး .... ကလေးတွေ နေ့ခင်းအိပ်နေစဉ် အဝတ်တွေ ဝိုင်းလျှော်ပေးရင်း .... Soon Young ကို မေ့မေ့ပျောက်ပျောက် ဖြစ်သွား၏။ ခဏနေ သူအဝတ်လှန်းနေချိန် သူ့ဘေးနားရပ်ကာ ပုံးထဲက အဝတ်တစ်ခုကိုယူ ရေညစ်ရင်း ကြိုးတန်းပေါ်တင်ကာ လှန်းနေတဲ့ Soon Young ကြောင့် သူအံ့သြပြီးရပ်ကြည့်နေမိသည်။ သူမကတော့ သူ့ကို တစ်ချက်မျှ လှည့်မကြည့်ဘဲ
"ရှင် ဘာလို့ ကျွန်မ နောက်လိုက်နေတာလဲ"
"nae???"
သူမ က သူ့ဘက်ကို လှည့်လာရင်း သူ့ကိုစေ့စေ့ကြည့်ကာ
"ရှင့်ကိုကျွန်မ သတိထားမိတာကြာပြီ ရှင် ကျွန်မ နောက်ကိုလိုက်နေတဲ့ ရည်ရွယ်ချက်က ဘာလဲ"
သူ့ကို ရုတ်တရက် တည့်တိုးကြီးမေးလာတဲ့ သူမကြောင့် Jin ဖြေရခက်နေလေသည်။
"မဖြေချင်ဘူး ဆိုလည်း ရပါတယ် ကျွန်မက ဒီအတိုင်းသိချင်လို့မေးမိတာပါ"
သူမက ပြောပြီး သူ့ကို ကျောပေးကာ အဝတ်တွေ ဆက်လှန်းပေးနေလေသည်။
"ခင်ချင်လို့ ....... ကိုယ် မင်းနဲ့မိတ်ဆွေတွေ ဖြစ်ချင်လို့"
သူမ အဝတ်လှန်းနေရင်းမှ ခပ်ဟဟလေး တစ်ချက်ရယ်လိုက်ရင်း
"ကျွန်မ အတွက် မိတ်ဆွေဆိုတာ မလိုဘူး ... ဘယ်သူနဲ့မှလည်း မိတ်ဆွေ မဖြစ်ချင်ဘူး ..."
"ဘာဖြစ်လို့လဲ"
"ကျွန်မမှာ မိတ်ဆွေတွေရှိနေပြီးသားပဲ .... နောက်ထပ် မိတ်ဆွေသစ်ဆိုတာ မလိုဘူး"
သူမ က လှန်းစရာအဝတ်တွေကုန်သွားတဲ့ ပုံးကို ယူကာ လှည့်ထွက်သွား၏။ Jin သူမ နောက်ကနေလိုက်ကာ သူမ သွားမယ့်လမ်းကို ပိတ်ရပ်လိုက်ပြီး ....
"မိတ်ဆွေအသစ်မဟုတ်ဘဲ .... မိတ်ဆွေ အဟောင်းနဲ့ပြန်တွေ့တာ ဆိုရင်ရော"
သူမ က သူ့ကို မျက်ခုံးလေးပင့်ကာကြည့်လာလေသည်။
"မိတ်ဆွေ အဟောင်းဆိုရင်ရော လက်ခံမှာလား"
သူ .. သူမကို သေချာကြည့်ပြီးမေးလိုက်တော့ သူမ အံ့သြတုန်လှုပ်သွားကာ မျက်မှောင်လေးကျုံ့သွားပြီး
String ( Part 3)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)