"အဲ့ဒါဆိုလည်း ကျွန်တော့်ကို လိုက်ပို့ပေးပြီး ဦးလေးပြန်ပေါ့ ညနေလည်း ကိုယ့်ဟာကိုယ် ပြန်လာလိုက်မယ်"

"ကိုယ့်ဟာကိုယ်တော့ ပြန်မလာပါနဲ့ ဦးလေး လာကြိုပေးပါ့မယ် သူဌေးလေးပြန်လာချင်ပြီဆို ဖုန်းဆက်လိုက်လေ ..... ခဏလေးနော် ....... ဦးလေး ကားသွားထုတ်လိုက်ဦးမယ်"

"အင်းး ....."

ဦးလေးက သူ့ကို မိဘမဲ့ကျောင်းရှေ့ပို့ပေးကာ ဂေဟာမှူးနဲ့ဝင်မိတ်ဆက်ပေးပြီး ပြန်သွားလေသည်။ Jin လည်း ကျောင်းမှာ ကူလုပ်ပေးစရာရှိတာတွေကို မေးကာ ကူလုပ်ပေးရင်း Soon Young ကို လိုက်ရှာနေမိသည်။ တော်တော်လေးကြာတော့ အဖြူရောင် ရှပ်အကျင်္ီလေးကို အပြာနုရောင် စကတ်လေးနှင့် တွဲဝတ်ထားကာ ဆေးအိတ်ကိုဆွဲပြီး ကျောင်းအဝင်ဝ ကနေ လျှောက်လာတဲ့ သူမကို တွေ့လိုက်ရ၏။

သူမကို မြင်တာနဲ့ ကလေးတွေက သူမဆီကို ပြေးသွားကြလေသည်။ ကလေးတွေကြားမှာ ပြုံးရွှင်နေတဲ့ သူမကို ကြည့်ကာ Jin မှင်သက် ငေးမောနေမိသည်။ သူမ မျက်နှာပေါ်မှာ ဒီလိုအပြုံးမျိုး သူ တခါမှ မတွေ့ဖူးခဲ့တာ အမှန်ပင်။ သူမ မျက်နှာ သူ့ဘက်လှည့်လာတဲ့ အချိန်မှာတော့ ခုနက အပြုံးတွေ ပျောက်ကွယ်သွားကာ ခပ်တည်တည်ဖြစ်သွားပြီး ကျောင်းထဲဝင်သွားလေသည်။ သူမ ဘာလို့ သူ့ကိုမြင်တိုင်း အခုလိုဖြစ်နေတာလဲ သူ စဉ်းစားလို့တောင်မရ။

Jin သူမ ကို ရပ်ကြည့်နေချိန်မှာပင် ဂေဟာမှူး ဆရာမကြီးက

"မောင်ရင် ... အဲ့ဒါ Seoul က ဆရာဝန်မလေးလေ ဒီမှာလုပ်အားလာပေးတာ"

"nae .... မနေ့က ဦးလေးပြောပြလို့ သိထားပါတယ်"

"aww တွေ့ဖူးပြီးကြပြီကိုး .... ဒေါက်တာက သူစိမ်းတွေနဲ့တော့ သိပ်ပြီးအရောတဝင် မနေတတ်ဖူး ... အဲ့ဒါကြောင့် သူ့ကို သီးခံပေးဖို့ ကြိုပြီးတောင်းပန်ထားချင်တယ်"

"ရပါတယ် .... ကျွန်တော် နားလည်ပါတယ် ..... အခြား ဘာလုပ်စရာတွေရှိသေးလဲ ... ကျွန်တော် ဘာကူညီပေးရမလဲ"

"ကလေးတွေ ရေချိုးပေးဖို့ရှိတယ် .... မောင်ရင် လုပ်ပေးတတ်ပါ့မလား"

"လုပ်ပေးတတ်ပါတယ် ...."

"အဲ့ဒါဆိုလာ ... အနောက်ဘက်မှာ ရေချိုးခန်းက"

String [Completed]Where stories live. Discover now