"ဖုန်းလာနေတယ် သူဌေးလေး"

"ဘယ်သူ့ဆီကလဲ"

"သူဌေးလေး အမေဆီက .... ဖုန်းမကိုင်လို့တဲ့"

"Arr ဟုတ်သားပဲ ရောက်တာနဲ့ အလုပ်ပုံထဲရောက်သွားတော့ ကျွန်တော် အမေ့ဆီဖုန်းဆက်ဖို့မေ့သွားတာ ရတယ် ကျွန်တော့်ဖုန်းနဲ့ပဲ ပြန်ဆက်လိုက်ပါ့မယ်"

Jin သူ့ဖုန်းကို ယူပြီး ကြည့်မိမှ အိမ်က miss call တွေမနည်း။ သူ silent လုပ်ထားပြီး အလုပ်လုပ်နေတော့ ဖုန်းကို ဂရုမစိုက်မိတာ။

"ဒါဆို ဦးလေးပြန်တော့မယ်နော် သူဌေးလေးကြည့်ရတာ ဖြူဖတ်ဖြူရော်နဲ့ ကျန်းမာရေးလည်း ဂရုစိုက်ဦး အရင် အိပ်နေကျ အခန်းကိုပဲ ရှင်းပေးထားတယ်နော်"

"ဟုတ်ကဲ့ ဦးလေး ကျေးဇူးတင်ပါတယ်"

"ရပါတယ် ကွာ ဒါဆို ဦးလေး ပြန်မယ်နော်"

ဦးလေး ပြန်သွားတော့ Jin အိမ်ကို ဖုန်းပြန်ခေါ်လိုက်၏။ သူ့အသံကြားတာနဲ့ အမေရဲ့ မှာတမ်းတွေ တရစပ်ရောက်လာတော့သည်။

"သားကြီး ဘာလို့ခုမှ ဖုန်းဆက်တာလဲ အမေ ဘယ်လောက်ထိ စိုးရိမ်နေရလဲ သိလား နေရော ကောင်းရဲ့ လား အလုပ်တွေအရမ်း ဖိမလုပ်နဲ့နော်"

"သား အလုပ်များပြီးမေ့သွားလို့ပါ စိတ်ပူစေမိလို့ တောင်းပန်ပါတယ်"

"ရပါတယ် သားကြီးရယ် ကျန်းမာရေးကို ဂရုစိုက်နော်"

နာရီဝက်လောက် အမေတို့နဲ့ စကားပြောပြီးတော့ သူ မပြီးသေးတဲ့ အလုပ်တွေကို လက်စသတ် ကာ အိပ်ဖို့ပြင်လိုက်တော့သည်။

Xxxxxxxxxxxxxxxxxxxxxxxxxx

"ဦးလေး မိဘမဲ့ဂေဟာသွားမယ်လေ"

မနက်စောစောစီးစီး ပြင်ဆင်ပြီး အသင့်စောင့်နေတဲ့သူ့ကိုကြည့်ကာ မန်နေဂျာဦးလေးက အံ့အားသင့်သွားလေသည်။

"အစောကြီးပဲ ရှိသေးတယ်လေ သူဌေးလေး ......"

"အဲ့လောက်လည်း မစောတော့ပါဘူး နောက်ပြီး ကျွန်တော် ဒီနေ့တော့ အဲ့ဒီ့မှာနေမှာနော်"

"သူဌေးလေး နေတာက ရပါတယ် ဒါပေမယ့် ဦးလေးကတော့ အဲ့ဒီ့မှာ တစ်နေကုန်တော့ နေလို့ရမှာမဟုတ်ဘူး"

String [Completed]Where stories live. Discover now