"အာာ မဟုတ်ပါဘူး ဒါနဲ့ သူက ဒီကို အမြဲလာနေကျလား"

"ဒေါက်တာက အနည်းဆုံး တစ်လမှာ တစ်ခါလောက်တော့ လာပြီး လုပ်အားလာပေးတတ်တယ် အရယ် အပြုံးနည်းပေမယ့် သဘောကတော့ အရမ်းကောင်းတာ ဂေဟာက ကလေးတွေတင်မကဘူး ဒီမြို့လေးမှာ ရှိတဲ့ သက်ကြီးရွယ်အို တွေကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးသေးတယ် ဆရာဝန်ရှားပါးတဲ့ ဦးလေးတို့မြို့အတွက်ကတော့ ရတနာပေါ့"

ဦးလေးကတော့ Soon Young ကို ချီးမွမ်းခန်း ဖွင့်လို့မဆုံး။ ဦးလေး စကားတွေ သူ့နားထဲ ရောက်တချက် မရောက်တချက်။ သူတွေးမိနေတာက သူမ ဘာလို့သူ့ကို မသိချင်ယောင်ဆောင်သွားရတာလဲ ။ တကယ်ဆို အနည်းဆုံးတော့ ပြုံးပြသင့်တယ်လေ။ မနေ့က ညကတင် သူတို့တွေ့ခဲ့ကြတာ မဟုတ်လား။ သူမ မမှတ်မိတာတော့ မဖြစ်နိုင်။

"ဦးလေး ကျွန်တော်ကော အဲ့ဒီ့ကျောင်းကို သွားကြည့်လို့ရမလား ....... ကျွန်တော် ဒီစက်ရုံကိုသာ ခဏခဏ ရောက်နေတာ မိဘမဲ့ဂေဟာရှိတာ သတိတောင်မထားမိဘူး ..... ဒီတခါ ရောက်တုန်းတော့ ဒီနားပတ်ဝန်းကျင်လည်း လျှောက်သွားကြည့်ချင်သေးတယ်"

"သူဌေးလေး သွားချင်တယ် ဆိုရင် ဦးလေး ကိုယ်တိုင်လိုက်ပို့ ပေးပါ့မယ် အရင်အခါတွေတုန်းက သူဌေးလေးက အလုပ်ရှုပ်နေတာပဲများတော့ ဦးလေးလည်း ဘာမှ မပြောမိတာ ..... အဲ့ဒီ့ကျောင်းက ကလေးတွေက အရမ်းသနားဖို့ကောင်းတယ် .... အရင်တုန်းကအခုလိုမျိုး ကျောင်းမဟုတ်ဘူး ... အခု ဂေဟာမှူးက သူ့အိမ်မှာပဲ မွေးစားရင်းကမှ ကျောင်းထောင်လိုက်တာ သိပ်တောင် မကြာသေးဘူး ..... တချို့ကလေးတွေဆို မွေးကင်းစလေးတွေ ဘယ်လိုမိဘမျိုးကများ အပြစ်မဲ့ပြီး ဖြူစင်တဲ့ ကလေးတွေကို ဒီလိုလုပ်ရက်ကြလဲ မသိပါဘူး"

ဦးလေးပြောတာတွေကို သူနားလည်ပါတယ် .... သူလည်း အဲ့လိုကလေးတွေနဲ့ အတူကြီးပြင်းဖူးခဲ့တာပဲ မဟုတ်လား .... Jin အပြင်ဖက်သို့ငေးရင်း သက်ပြင်းချလိုက်မိသည်။

xxxxxxxxxxxxxxxxxxxxxxxxxxx

စက်ရုံရောက်လိုက်တာနဲ့ လုပ်စရာတွေ အလုပ်တွေက သူ့ကို ဆီးကြို နေလေသည်။ သူ နားမယ် လုပ်တော့ အချိန်က ည ဆယ့်နှစ်နာရီပင်ရှိနေပြီ။ ခဏနေတော့ ဦးလေးဝင်လာပြီး သူ့ လက်ထဲက ဖုန်းကို ကမ်းပေးရင်း

String [Completed]Where stories live. Discover now