"Jargi yarr အဆင်သင့်ဖြစ်နေပြီလား ရောက်တော့မယ်နော်"

"အင်းးး ပြီးခါနီးပြီ အရင်ရောက်နေရင် ခဏစောင့်ပေးနော်"

"nae စောင့်နေပါ့မယ် Saranghae :* "

"nado saranghae :* "

Jimin ဖုန်းချလိုက်ပြီး လမ်းထဲကွေ့အဝင် စက်ဘီးတစ်စီး ရုတ်တရက် ထွက်လာတာကြောင့် လန့်သွားပြီး ဘရိတ်နင်းချလိုက်၏။ စက်ဘီး သမားလည်း လန့်သွားပြီး ရှောင်မလို့ လုပ်လိုက်ပေမယ့် မထိန်းနိုင်တော့ဘဲ သူ့ကားကို ဝင်တိုက်ကာ လဲတော့သည်။

"Ash!!! ဘယ်လို လုပ်လိုက်တာလဲ သေတော့မှာပဲ"

Jimin စိတ်တိုတိုနဲ့ ကားပေါ်ကဆင်းကာ စက်ဘီးသမားဆီ ခြေလှမ်းကျဲကြီးနဲ့ လျှောက်သွားလိုက်၏။ အနားရောက်လို့ ကြည့်လိုက်တော့မှ စက်ဘီးနင်းလာတဲ့သူက မိန်းကလေး ဖြစ်နေတာကြောင့် စိတ်ကို အနည်းငယ် လျော့လိုက်ရင်း

"မင်းဟာမင်း လာဝင်တိုက်ပြီးလဲတာနော် ငါဘာမှမလုပ်ဘူး ကံကောင်းလို့ ဘရိတ်အုပ်မြန်ပေလို့ စက်ဘီးစီးတာပဲ တဖက်က ကားလာတာ သတိထားလေ ငါ ဘရိတ်အုပ်သာ မမြန်ရင် မင်းတော့......"

သူ့စကားမဆုံးခင် သူမက ဆတ်ခနဲလှည့်ကြည့်ကာ ထလာပြီး

"ရှင် ဘယ်လိုလူလဲ ဒီမှာလူတစ်ယောက်လုံးလဲကျ သွားတာကို မကူညီဘဲ အပြစ်လာတင်နေသေးတယ် တကယ်ပဲ"

သူမက ပြောပြောဆိုဆိုနဲ့ ထော့နဲ့ထော့နဲ့ဖြင့် သူမ စက်ဘီးကို ကောက်ထောင်နေလေသည်။ သူမ စက်ဘီးအနောက်မှာ ပါလာတဲ့ ထမင်းဘူးတွေကလည်း တစစီ ..... သူ သူမခြေထောက်ကို ကြည့်မိတော့ ဒူးခေါင်းပွန်းမှာ ပွန်းပဲ့ထားပြီး သွေးစို့နေ၏။

"မင်း ရရဲ့လား ဆေးခန်းသွားရအောင်"

"ရပါတယ် ဆေးခန်းကအရေးမကြီးပါဘူး ...... သူဌေးတော့ဆူတော့မှာပဲ"

Jimin ငိုမဲ့မဲ့ ဖြစ်နေတဲ့ သူမ ကိုကြည့်ရင်းမှ စိတ်မကောင်း ဖြစ်သွားမိတာကြောင့်

"ငါ မင်း ပစ္စည်းတွေ အတွက် ငါ ပြန်လျှော်ပေးပါ့မယ်"

"ဘာာာ .... ရှင်ဘယ်လိုပြောလိုက်တာလဲ လျှော်လိုက်တာနဲ့ ပြီးသွားရောတဲ့လား .... ရှင့်ကြောင့်ဖြစ်သွားတဲ့ ကိစ္စကို ရှင်နည်းနည်းပါးပါးတော့ တောင်းပန်စကားပြောသင့်တယ် မထင်မိဘူးလား"

String [Completed]Where stories live. Discover now