String (Part 1) (unicode)

Start from the beginning
                                        

"အိမ်မက်ဆိုးတွေနဲ့ ဝေးပါစေ Soon" လို့ တီးတိုးလေး သက်ပြင်းချကာ ပြောလိုက်မိသည်။

xxxxxxxxxxxxxxxxxxxxxx

အိမ်ပြန်ရောက်တော့ Jimin က တံခါးဖွင့်ပေးရင်း

"Hyung ဒီည တော်တော် နောက်ကျတယ်နော်"

"အင်းး ညီ မအိပ်သေးဘူးလား"

"Hyung ကို စောင့်နေတာ"

Jin ပြုံးကာ လက်ကအလိုလို သူ့ညီ Jimin ဆံပင်တွေကို ဖွလိုက်တော့

"Hyung လက်တွေ အေးစက်နေပါလား မျက်နှာတွေလည်းရဲနေတယ် Hyung တော့ နေမကောင်း ဖြစ်တော့မယ် ထင်တယ်"

"ဘာမှ မဖြစ်ပါဘူး အပြင်မှာအေးနေလို့ပါ နွေးနွေးထွေးထွေး နေလိုက်ရင် အဆင်ပြေသွားမှာပါ ညီ ဆေးရုံပြောင်းမယ့် ကိစ္စအဆင်ပြေလား"

"အင်း ပြေပါတယ် Hyung ...... ဆရာကလည်း ကူညီပေးတယ်လေ နောက်တစ်ပတ် လောက်ဆို စဆင်းရတော့မှာ"

"အဲ့ဒါဆို ဒီအတောအတွင်းတော့ အားနေတာပေါ့ မနက်ဖြန် Hyung နယ်သွားပြီး နယ်က စက်ရုံတွေလိုက်ကြည့်ပေးရမှာ လိုက်ခဲ့ပါလား"

"နောက်နေ့မှ သွားလို့မရဘူးလား Hyung မနက်ဖြန် ညီ မအားဘူး"

"မရဘူး ဟိုကို လာမယ်လို့ ပြောထားပြီးသားဖြစ်နေလို့ ...... ဘာလဲ date ပြန်ပြီလား အရင်ကောင်မလေးပဲလား"

သူမေးလိုက်တော့ Jimin က သူ့ဆံပင်တွေကို လက်နဲ့သပ်ရင်း ရယ်ကျဲကျဲနှင့်

"ဒီတခါက နောက်တစ်ယောက် အရမ်းလန်းတယ်"

"Aigoo ဒီကောင်လေးကတော့ မလွယ်ပါလား"

Jin ခေါင်းခါကာ ပြောလိုက်တော့ Jimin က သူ့ပုခုံးကို ဖက်ကာ

"Hyung ရော တစ်ယောက်လောက် မရှာသေးဘူးလား Hyung အရွယ်က ရှာဖို့သင့်နေပြီနော် တော်ကြာ အသက်ကြီးသွားလို့ ယူမယ့်လူ မရှိဘဲ ဖြစ်နေဦးမယ်"

"ဒီကောင်လေး ကိုယ့် အစ်ကိုကို" Jin ပြောလည်းပြော သူ့ညီ ဗိုက်ကို တံတောင်နဲ့ တွတ်လိုက်မိသည်။

ညီအစ်ကို နှစ်ယောက် စကားပြောကာ အပေါ်ထပ်သို့ အတူတက်ခဲ့ကြရင်း သူ့အခန်းရှေ့ရောက်တော့ Jimin က

String [Completed]Where stories live. Discover now