သူမ အကြောင်း သိချင်လို့ ညီလေးကို မေးကြည့်တော့ သူမ နာမည် Shin Soon Young တဲ့။ သူမ နာမည်ကို သိရတော့ သူ အရမ်းဝမ်းသာသွားရသည်။ ငယ်စဉ် ကတည်းက ချစ်ခဲ့ရတဲ့သူမကို ပြန်တွေ့ရပြီပေါ့။ ဒါပေမယ့် သူ့ဝမ်းသာမှုတွေ က ကြာရှည်မခံလိုက် .... သူသိခဲ့တဲ့ သူမက .... အရမ်းကို မာနကြီးတဲ့ သူတစ်ယောက် အဖြစ်ပြောင်းလဲသွားတာကို တွေ့လိုက်ရတဲ့ အချိန်မှာပင် ဝမ်းသာမှု အားလုံး ပျောက်ကွယ်သွားတော့သည်။ သူမရဲ့ မာနကြီးပုံမျိုးနဲ့ သူ့ကို သူမ အိမ်က အခိုင်းအစေ တစ်ယောက်ရဲ့ သားမှန်း သိသွားခဲ့ရင် ... ခါးသီးတဲ့ တုန့်ပြန်မှုတွေ ရလာမှာ မလွဲ ..... ဒါကြောင့်လည်း သူ မပြောဖို့ဆုံးဖြတ်လိုက်မိသည်။
သူ အတွေးလွန်နေစဉ်မှာပင် သူမဆီမှ ရှိုက်သံတိတ်သွားကာ သူမ ကျောပေါ်မှ သူ့လက်ကို ပုတ်ချလိုက်ပြီး
"ကျွန်မ သွားတော့မယ်" လို့ ပြောပြီး ခုနက ငိုနေတာ သူမ မဟုတ်တဲ့ အတိုင်း ထွက်သွားလေသည်။
Jin ခဏတော့ ကြောင်နေပြီးမှ သတိရကာ သူမနောက် ပြေးလိုက်သွားမိသည်။ ဒီ တံတားပေါ်မှာ သူမ ဘယ်လိုကားငှါးမှာလဲ နောက်ပြီးမိန်းကလေးတစ်ယောက်တည်း ညည့်နက်နေပြီလေ။
"ခဏလေး ကိုယ် လိုက်ပို့ပေးပါ့မယ်"
"မလိုပါဘူး ကျွန်မ ကိုယ့်ဟာကိုယ် ပြန်လို့ရတယ်"
"ဘယ်ဖြစ်ပါ့မလဲ မိန်းကလေး တစ်ယောက်တည်း ပြီးတော့ ညည့်လည်းနက်နေပြီ အန္တရာယ် များတယ် ကိုယ် ပြန်လိုက်ပို့ပေးပါ့မယ် လာ"
သူ သူမလက်ကို ဆွဲလိုက်မိတော့ သူမက ပြန်ရုန်းကာ
"ရှင် ရှေ့ကသွား ကျွန်မ လိုက်ခဲ့မယ်" လို့ပြန်ပြောလေသည်။
ကားပေါ်ရောက်တော့ Jin လည်း သူမ သွားမယ့်နေရာကို မေးကာ လိုက်ပို့ပေးလိုက်၏။ သူမ တာဝန်ကျရာ ဆေးရုံရှေ့ ရောက်တော့ သူမ ကားပေါ်မှ ဆင်းကာ သူ့ကို စကားတစ်ခွန်းမှ မပြောဘဲ ဆေးရုံထဲ ဝင်သွားလေသည်။ Jin သူ့ရဲ့ Polaroid Camera ပန်းရောင်လေးကိုထုတ်ကာ သူမရဲ့ နောက်ကျောလေးကို အမိအရ ရိုက်ပြီး ထွက်လာတဲ့ ဓါတ်ပုံကို သူကားမောင်းတဲ့ ဘေးမှာ ချိတ်ရင်း
String (Part 1) (unicode)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)