String (Part 1) (unicode)

Start from the beginning
                                        

"ဘာဖြစ်သွားသေးလဲ ထိခိုက်မိတဲ့ နေရာတော့မရှိပါဘူးနော် တော်သေးတာပေါ့ ကိုယ်......"

သူမ သူ့ရဲ့ လက်တွေကို ခါထုတ်လိုက်ပြီး

"ရှင် ဘာလို့ ဆွဲရတာလဲ ရှင်နဲ့ဘာဆိုင်လို့လဲ"

"ကိုယ်နဲ့မဆိုင်တာမှန်ပါတယ် ဒါပေမယ့် လူတစ်ယောက်လုံး သေမှာ သိရက်နဲ့ မျက်နှာလွှဲလိုက်ရတဲ့ အလုပ်မျိုး မလုပ်နိုင်ဘူး .... အထူးသဖြင့် မင်း ... မင်း သေမှာကို ကိုယ်က ဒီအတိုင်းကြည့်နေရမှာလား"

"Aish !!! တကယ်စိတ်ပျက်ဖို့ကောင်းတယ် ....... ရှင်ဘယ်သူလဲ ... ရှင်နဲ့ ကျွန်မ ဘယ်တုန်းက သိခဲ့လို့လဲ ... ရှင့်လမ်းရှင် သွားပါ ကျွန်မတစ်ယောက်တည်း နေပါရစေ"

"တကယ်လို့ မင်း ဒီလိုထပ်လုပ်နေရင် ဘယ်လိုလုပ်မလဲ"

သူမ သူ့ကို အလိုမကျတဲ့ မျက်လုံးတွေနဲ့ကြည့်လိုက်မိသည်။ သူ့မျက်ဝန်းတွေထဲမှာတော့ စိုးရိမ်မှုတွေပြည့်နေဆဲ .... သူ့မျက်ဝန်းတွေနဲ့ ဆုံလိုက်တဲ့ အခိုက်အတန့်မှာပင် သူမရဲ့ ဒေါသတွေ အရောင်ပြောင်းကာ မျက်ရည်တွေအဖြစ် လိမ့်ဆင်းလာလေသည်။ သူမ သူစိမ်း ယောက်ျားလေးတစ်ယောက် ရှေ့မှာ မျက်ရည်ကျတာ ဒီတခါ ပထမဆုံး အကြိမ်ပဲ။ သူမ ငိုချင်စိတ်ကို ထိန်းမရ........ သူကတော့ သူမ ကျောလေးကို အသာလေး ပုတ်ပေးနေလေသည်။

သူမ ငိုနေတယ် ...... သူမ ငိုရင် သူမရဲ့ မျက်ရည်တွေကို မြင်ရရင် သူ့ရင်ဘတ်ထဲက နာကျင်နေတယ်လေ။ Jin သူမ ကျောကုန်းကို အသာလေး သပ်ပေးကာ နှစ်သိမ့်ပေးရင်း "မငိုပါနဲ့ Soon Young ရယ်" လို့ စိတ်ထဲက အကြိမ်ကြိမ် ရေရွတ်နေမိသည်။

ဒီနေ့က နှစ်နှစ် ဆိုတဲ့ အချိန်အတွင်းမှာ သူမကို ပထမဆုံး အကြိမ်ပြန်တွေ့ခြင်းလေ။ သူမကို စတွေ့စဉ်ကလည်း ဒီနေ့လိုပဲ သူမ ငိုနေခဲ့သည်။ အဲ့ဒီ့တုန်းက သူနှစ်သိမ့်ပေးချင်ပေမယ့် သူမ က သူ့ကိုမြင်တာနဲ့ ချက်ခြင်းထွက်ပြေးသွားခဲ့သည်။ အဲ့ဒီ့နောက်ပိုင်း ညီလေး ကို ကျောင်းသွားကြိုတဲ့ အချိန်တိုင်း သူမကို ရံဖန်ရံခါ တွေ့ရတတ်သည်မှ လွဲ၍ နှုတ်ဆက် စကားလေးတောင် မပြောဖူးခဲ့။ ဒါပေမယ့် သေချာတာ တစ်ခုက သူမနဲ့ မျက်လုံးချင်း ဆုံမိတိုင်း သူ့ရင်ထဲမှာ အမည်မသိတဲ့ ခံစားချက်တစ်ခု ရောက်ရောက်လာတတ်တယ် ဆိုတာပဲ။

String [Completed]Where stories live. Discover now