လီယွမ်ဟွာသည် ထိုအပြုအမူကို မြင်သည့်အခါ ခါးသီးစွာ ပြောလိုက်လေသည် "အကြင်နာမဲ့လိုက်တာ....."

ထိုစကားပြောပြီးသည်နှင့် သူသည် လှည့်ထွက်သွားပြီး မကြာခင်တွင် အရိပ်အယောင်စိုးစဉ်မျှ မရှိဘဲ ပျောက်ကွယ်သွား၏။

လီယွမ်ဟွာ ထွက်ခွာသွားသည်နှင့် ဂျင်ဖေးလန်သည် ယန်အာအား ကြည့်ကာ ပြောလိုက်သည် "နာမည် ဘယ်လိုခေါ်လဲ...... ငါ့တပည့်လုပ်ပြီး အတူတူ ကျင့်ကြံရအောင်လေ.... ဟုတ်ပြီလား...."

ယန်အာသည် မိုဝူကျီကို နှစ်များစွာ တစ်ယောက်တည်း ပြုစုစောင့်ရှောက်ခဲ့ရသည့်အတွက် သူမစိတ်သည် အသက်အရွယ်ထက် ပိုရင်ကျက်နေသည်။ ထိုမြင်ကွင်းနောက်တွင် သူမစိတ်ဝိညာဉ်သည် မည်သို့ဖြစ်ကြောင်းနှင့် သူမဝိညာဉ်ကြောကောင်း၍သာ ထိုအမျိုးသမီးသည် သူမအား တပည့်အဖြစ် လက်ခံလိုကြောင် မည်သို့မသိဘဲ နေမည်နည်း။

သူမတွင် ကောင်းမွန်သော စိတ်ဝိညာဉ်ကြောရှိခြင်းကို ပျော်ရွှင်သော်လည်း ယန်အာသည် ထိုအမျိုးသမီး၏ တပည့်ဖြစ်သည်နှင့် သူမသည် သခင်လေးဘေးမှ ထွက်သွားရမည်ဖြစ်ကြောင်း ရှင်းလင်းစွာ သိနေသည်။

ယောင်ကျိုးမြို့တွင် စိတ်ဝိညာဉ်ကြောနှင့်လူသည် ရှားပါးလှသည်။ သူမသည် စိတ်ဝိညာဉ်ပညာရပ်များကို လေ့လာရန် အဝေးသို့ ထွက်သွားရသည်ဆိုတာလည်း မကြားဖူးခဲ့ပေ။

"ကျွန်မက ယန်အာပါ..... ကျွန်မ ရှင်နဲ့အတူတူသွားပြီး မကျင့်ကြံနိုင်ဘူး.... ကျွန်မ သခင်လေးနဲ့ပဲ အတူတူရှိနေချင်တယ်....." တွေဝေခြင်းမရှိစွာ ယန်အာသည် ခေါင်းကို ခါယမ်းလိုက်သည်။

"ထာဝရရှင်သူတဲ့သူတွေဆိုတာ ကြားဖူးလား...... လူတော်တော်များများက အဲဒီအခွင့်အရေးကို လိုချင်ပေမဲ့ မရကြတာရော သိရဲ့လား....... သူတို့ကို မပြောပါနဲ့ဦး ..... မင်းသခင်လေးတောင် ကျင့်ကြံဖို့ ဆန္ဒရှိတာ ဟုတ်တယ်မလား...... မင်း ထာဝရှရင်သန်သူလောကကို ဝင်ရောက်တာနဲ့ မင်းမှာ အသက်အရှည်ကြီးနေရပြီး သေမျိုးလောကကို လွှမ်းမိုးနိုင်လိမ့်မယ်......"

ယန်အာသည် ဂျင်ဖေးလန်စကားများကို ပြန်မတုံ့ပြန်ခဲ့ပေ။ သူမသည် ရိုးရှင်းစွာ ခေါင်းသာ ယမ်းနေ၏။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now