"ဘယ်အချိန်ရှိပြီလဲ Oppa "

"ပြန်ရမယ့်အချိန် ... ပစ္စည်းတွေ သိမ်းတော့ "

ကလေးမလေးသည် ကျွန်တော့်အတွက် နယ်ရုပ်လေးတစ်ယောက်သာ ဖြစ်ခဲ့သည် ။
×××
"Byun Baekhee.... နင်က တက္ကသိုလ်ကျောင်းသူတွေနဲ့ ရင်းနှီးတယ်ဆိုပြီး အထင်မှားမနေနဲ့... နင်က သာမန်ပဲ... "

သူမ ပခုံးကို ခဏခဏ တွန်းကာ ပြောနေတဲ့ မျက်စိရှေ့က ကျောင်းသူကို ပြန်ဆောင့်တွန်းလိုက်တော့ ဖင်ထိုင်လျက်လဲကျသွားပြီး

"Yah!!!!!!! ငါ့ဖုန်းကွဲသွားပြီမလား? Min Su ah... ငါ့ဖုန်းသူ့ကြောင့်ကွဲသွားပြီ "

သူ့ကောင်လေးဖြစ်သူ လူမိုက်ပုံစံဖမ်းနေတဲ့ ကောင်လေးရောက်လိုက်တော့ ကုန်းရုန်းထကာ တိုင်တော့သည် ။ ထိုကောင်လေးက Baekhee ကျောပိုးအိတ်ကို အတင်းဆွဲယူကာ အိတ်ထဲမှ ဖုန်းထုတ်ပြီး မြေကြီးပေါ်ပစ်ချကာ ခြေထောက်နဲ့နင်းခြေပစ်သည် ။ ကျောင်းအပြင်မှာဖြစ်ပြီး လမ်းမပေါ်မှာလည်း ကားတွေက သူ့ဘာသာသူ သွားလာနေသဖြင့် သူတို့အုပ်စုကို သတိမထားမိကြပါ။

"နင့်ကိုလည်း ဒီလိုနင်းခြေပစ်မှာ... Shi... ''

"ဘာလုပ်တာလဲ "

လက်ကိုရွယ်လိုက်ချိန်တွင် ထွက်လာတဲ့အသံကြောင့် အားလုံးက နောက်လှည့်ကြည့်ကြသည် ။ Baekhee အပြင် ဖုန်းကွဲသွားတဲ့သူရယ် သူ့ကောင်လေးရယ် သူ့သူငယ်ချင်း ၂ယောက်ရယ်ပေါ့ ။

"ဘာပဲလုပ်လုပ်ပေါ့... ခင်ဗျားအလုပ်လား "

ထိုကောင်လေးက လေသံမာမာနဲ့ ပမာမခန့်ပြန်ပြောတော့ Chanyeol က ဆိုင်ကယ်ဦးထုပ် ချွတ်လိုက်ပြီး

"ငါ့အလုပ်လေ... မင်းရိုက်မလို့ရွယ်ထားတာ ငါ့ကောင်မလေးလေ... ငါမင်းကောင်မလေးကို ရိုက်ပြီး ကြေပြီလို့ သတ်မှတ်ပေးမယ် ရမလား "

ရွယ်ထားတဲ့ လက်ကို ဖယ်လိုက်ပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဘာစကားမှ ထွက်မလာကြ...

"Byun Baekhee... တကယ်နင့်ကောင်လေးလား "

သူ့ကောင်လေး နောက်မှာကွယ်ရင်း မေးလာသော အတန်းဖော်ကို ခေါင်းညိတ်ပြလိုက်သည် ။

She Is A Baby (ChanBaek)Where stories live. Discover now