နောက်ကျောက ထိုင်ခုံမှာလှုပ်ရှားသံကြားမှ
အနားမှရှိနေသေးတယ် ဆိုတဲ့အသိနဲ့ နှလုံးလေးဟာ ပြန်ငြိမ်ရတယ်
ကျေးဇူးတင်မိပါရဲ့ ဒယ်ဒီ။မပြောမဆိုပျောက်သွားတဲ့ကိုကိုက ပြန်လာတဲ့အခါ လက်ချောင်းထဲမှာ လက်စွပ်လေးပိုလာခဲ့တယ်
ဦးမင်းမြတ်တာရာမှာရောဘဲပေါ့
ကိုကိုပျော်ရွှင်နေရတာမြင်တော့ အားကျစိတ်နဲ့အတူ ဒယ်ဒီအတွက် တွေးပြီးပူမိရပါသေးတယ်
ဒယ်ဒီ အသည်းကွဲလေဦးမလား"ကိုကို"
"ပြောလေ ရန်ရန် ဘာလိုချင်လို့လဲ ကလေး"
"မနာမကြင်ဘဲ အမြန်ဆုံးသေဆုံးတဲ့ နည်းလမ်းက ဘာဖြစ်နိုင်မလဲ"ဝေးကြရမယ့်အတူတူတော့ သေဆုံးပစ်လိုက်ကြရအောင်
ဘ၀တစ်ကွေ့မှာ ပြန်ဆုံနိုင်ခွင့် မြန်မြန်ရောက်ရအောင်ပေါ့ဒယ်ဒီ"ငါ သေချာစိတ်ချရပြီဆိုမှ မင်းကိုလွှဲလိုက်တာ ခု အဲ့ဒီလုပ်ငန်းကိုလက်လွှတ်လိုက်ရပြီဟုတ်လား တောက်ခ်"
ဖုန်းပြောသံကျယ်လာတဲ့အခါ ဖက်လက်စ သတင်းတစ်ပုဒ်ကနေ ဒယ်ဒီဆီကို အကြည့်ပို့မိတယ်
အလုပ်တွေတော်တော်များများကို ဆေးရုံကနေဘဲ လှမ်းညွှန်ကြားနေခဲ့တာ တော်တော်ကြာခဲ့ပြီဘဲ
ဒေါသတွေနဲ့နီမြန်းနေတဲ့ မျက်နှာကို ရန်ရန်မက်မောစွာကြည့်တယ် ဟုတ်သားဘဲ ဓာတ်ပုံ
ဒယ်ဒီအကြည့်ရောက်လာမှန်းသိပေမယ်က နှစ်ပုံလောက်ထပ်ရိုက်ထားလိုက်သေးတယ်ရိုက်ချခံလိုက်ရတဲ့ လက်ကလေးဆီကနေ ဖုန်းက ကုတင်ပေါ်ကိုကျသွးတယ်
"ငါ အလုပ်ကိစ္စပြောနေတာမင်းမမြင်ဘူးလား ထက်ရန်ရှင်း ဟမ်
ဘာလို့ အဲ့ပုံတွေဘဲရိုက်နေရတာလဲ တောက်ခ်"ရန်ရန်ဘာမှ မကြားရတော့ဘူးဒယ်ဒီ
ထိုးအောင့်လာတဲ့ ရင်ဘတ်ကို လှမ်းမဖိထားဖြစ်တော့ဘူး
တုန်လာမယ့်အသံကိုထိန်းနေရတာအဆင်မပြေဘူ"တောင်းပန်ပါတယ်"
တစ်ဖက်လှည့်ကျောခိုင်းလိုက်တဲ့အခါ တောက်ခေါက်သံက နားထဲထပ်ရောက်လာတယ်
တအားပြင်းထန်လာတဲ့ အသက်ရှုသံကို ဒယ်ဒီမကြားပါစေနဲ့
"
တောင်းပန်ပါတယ် ရန်ရန် ငါ..
ဒယ်ဒီ အလုပ်ကကောင်တွေကို အရမ်းစိတ်တိုသွားလို့ အော်လိုက်မိတယ်
ဒယ်ဒီတောင်းပန်တယ်နော် ကလေး"
ဦး - ၂၂.၂(Ending P2)
Start from the beginning