ဦး - ၂၂.၂(Ending P2)

Start from the beginning
                                    

နင် ငါတို့သားအမိကို အရမ်းမုန်းနေမယ်ဆိုတာ ငါသိတယ်
ငါတောင်းဆိုတာပါ
သားလေး နှလုံးကစက်ထည့်ထားတာ သူ့ရဲ့ကျန်းမာရေးနဲ့ အပြည့်အ၀လက်ခံနိုင်ဖို့အရမ်းခံယဉ်းနေသေးတယ်တဲ့
သားလေး သတိရလာပြီး နည်းနည်းကျန်းမာလာတဲ့အထိ နင်နဲ့ပေးနေပါ
သားလေးနှလုံး အဆင်ပြေသွားတာနဲ့ ငါသားကို နင့်ဆီက အပြီးခေါ်သွားပေးပါ့မယ် "

ဆေးပိုက်တွေ စက်တွေရဲ့ အကူအညီအောက်က ရန်ရန်ကတော့ ငိုရုံဘဲတတ်နိုင်ခဲ့တယ် ဒယ်ဒီ
အလင်းရောင်ပြန်မြင်လာတဲ့အခါ ပထမဆုံးကြားခွင့်ရတာ ဒယ်ဒီဆီက စိုးရိမ်တကြီးခေါ်သံဖြစ်စေချင်ခဲ့တယ်
ဒါပေမယ့် ဆုတောင်းတွေက မပြည့်တော့ဘူးထင်ပါရဲ့

သေမိန့်ကျထားတဲ့ လူသားတစ်ယောက်လို ရန်ရန်မျှော်လင့်ချက်မဲ့လာပြီ ဒယ်ဒီ
စက်ပစ္စည်းရဲ့အကူအညီနဲ့ တစ်ချက်ချင်းလှုပ်နေတဲ့ နှလုံးက အမှန်ဆုံးရပ်တန့်သွားသင့်ပြီ ဘာလို့များ
ဆွဲခေါ်ထားချင်ကြရတာလဲ
ရန်ရန်ဆီကို ဒယ်ဒီလာအောင် မလုပ်ပေးနိုင်ကြဘဲ
ဘာကြောင့်များ ရန်ရန့်ကိုဆွဲခေါ်ထားချင်သေးကြတာလဲ

နေနေ့ညည ရန်ရန့်ဘေးမှာ ရှိနေပေးရတဲ့ ဒယ်ဒီကိုသနားလာတယ်
ဒယ်ဒီ လို့ခေါ်လိုက်တိုင်း စက္ကန့်ဝက်လောက် တင်းသွားတဲ့မေးကြောတွေကို မကြည့်နိုင်တော့ဘူး
ဒါကြောင့် ဒယ်ဒီလို့ ခနခနမခေါ်ဖြစ်တော့ဘူး။

"ရန်ရန် လိမ္မော်သီးစားချင်တယ်"

"အင်း ခွာပေးမယ် ခနလေး"

ဒယ်ဒီလက်ထဲက အမျှင်လေးတွေကအစ ကင်းကွာသွားတဲ့ လိမ္မော်အမွှာလေးတွေက အရင်လို ရန်ရန်ပါးစပ်ထဲ အလိုလျောက်ရောက်မလာနိုင်တော့ဘူး
ပန်းကန်ပြားတစ်ချပ်နဲ့ မျက်စိရှေ့အထိဘဲ
တော်ပြီပေါ့ ရန်ရန် ဘာတွေများ မျှော်လင့်နေမှာလဲ

"ကျေးဇူးတင်ပါတယ်"

ဒယ်ဒီလက်ဖျံရိုးက သွေးကြောတစ်ချို့ထင်းသွားတာကိုတွေ့ရတယ်

"အရမ်းပင်ပန်းနေရင် အိမ်ပြန်လိုက်ပါ ရန်ရန် တစ်ယောက်တည်းဖြစ်ပါတယ်"

အခန်းထဲက ထွက်ခွာသွားတဲ့ ခြေသံကို ထိတ်လန့်တကြားစောင့်တယ်
ဟင့်အင်း မထွက်သွားစေချင်ဘူး
ရန်ရန်နေကောင်းနေပြီ ဆေးရုံကဆင်းရဖို့ရပ်ကမလိုတော့ဘူးမဟုတ်လား
အချိန်က မကျန်တော့ဘူး ဒယ်ဒီရယ်

ဦးWhere stories live. Discover now