ဖတ်နေရင်း မျက်လုံးလည်သွားပြီလား
ဒီလိုနဲ့ ကိုယ် ရူးကြားကြားအိပ်မက်တွေကို နားထောင်ပြီးယုံပေးတဲ့သူငယ်ချင်းပေါ်လာတယ်
သူက စာရွက်ပေါ်မှာ အသေးစိတ်ချရေးခိုင်းတယ်
စာစီစာကုံး နင်ရေးရင် သိပ်ဖတ်ကောင်းတာမို့ ဒါကိုလဲရေးပေးပါလားတဲ့
ကိုယ်ကြိုးစားပြီးရေးကြည့်တာအခါ ၀တ္ထုမမည်သော စာတိုတစ်ပုဒ်ရလာတယ်
အခုထိ အဲ့သူငယ်ချင်းက အမှတ်တရသိမ်းထားတုန်းဘဲ လွန်ခဲ့တဲ့ ၁၄ နှစ်လောက်က ကိုယ့်ရဲ့လက်ရေးမူပေါ့

ကိုယ် အခု သူတို့ကိုအိပ်မက်မမက်တော့ဘူး
အိပ်မက်မက်တာအကျင့်ကြောင့်ထင်တယ် ဇာတ်လမ်းလိုလိုတွေတော့မက်နေတုန်းဘဲ

လိပ်ပြာတုန်းကဆို မှတ်မှတ်ရရ
လေးလွှာပါတဲ့အရွက်စိမ်းတွေကို လိုက်ရှာနေတဲ့ ကောင်ကလေးပေါ့
မျက်လုံးချင်းဆုံမိတဲ့အချိန်မှာ နာနာကြင်ကြင်ညည်းတွားသံကြားလိုက်ရတယ်
အဲ့မှာ ကိုယ်လန့်နိုးတယ်

ဦး....
တကယ်က ချမ်းလေးဖစ်တွေရေးတာကိုရပ်လိုက်တာ တောင်ပံမဲ့လိပ်ပြာ ပြီးသွားကတည်းကပါဘဲ
ရပ်သွားလိုက် ပြန်ဆက်လိုက်နဲ့ ရုန်းကန်ခဲ့ရတဲ့တောင်ပံမဲ့လိပ်ပြာ
ပြီးသွားတဲ့အချိန်မှာ အရမ်းကိုပေါ့ပါးသွားပြီး နောက်ဒီလိုမျိုးဖန်တီးနိုင်တော့မှာ မဟုတ်တာကို တခါတည်းသဘောပေါက်လာခဲ့တယ်

ဒါကြောင့် စာတွေရေးတာကို ရပ်လိုက်တော့မယ်လို့တွေးခဲ့တယ်
ဇာတ်လမ်းကိုမညွှန်းတတ်သလို စွဲဆောင်မှုလည်းမလုပ်ပေးတတ်ဘူး
Roleplayတွေနဲ့လည်း မနေတတ်တဲ့သူမို့ (မနေတတ်ရတဲ့အကြောင်းက ချမ်းလေးက Intel Roleplayတွေနဲ့RPလုပ်လာတ ၂၀၁၂ ၂၀၁၃ လောက်တည်းကမို့)
မြန်မာလိုပြောတဲ့ RPတွေနဲ့ တမျိုးဖြစ်နေတဲ့သဘောပါ (ဘ၀င်မြင့်တာမဟုတ် ဟိုကRPတွေကအကြမ်းတွေမို့ ဒီက RPတွေက အဖီးကြီးတင်တာမို့ ကိုယ်ကအသည်းတွေအူတွေယားလာ)

ဒါနဲ့ဘဲ တခြားဖစ်ကလေးတစ်ခုစကြည့်တော့ ထင်တဲ့အတိုင်း Reactionမကောင်းဘူး
အဲ့ချိန်မှာ ၀မ်းမနည်းဘဲ ပျော်သွားတာ ဟုတ်ပြီ
ရေးချင်တဲ့ပိုးကဖျောက်မရတော့ရေးမယ် စောင့်မယ်သူမရှိတော့ အေးဆေးဘဲ ငါစိတ်ကူးရရင်ထရေးလို့ရပြီပေါ့

ဦးWhere stories live. Discover now