အိပ်ယာသိမ်းကာ ရေချိုးခန်းကပ်လျက် အိမ်သာထဲဝင် ဖြေလျှော့လိုက်ရသည့် ခံစားမှုသည်လည်း
မနက်တိုင်းနီးပါးပင်။

ယောကျာ်းနှစ်ယောက်ရဲ့ပတ်သတ်မှုက ဖြူစင်မှုတွေ
ချစ်ခြင်းတွေဘဲ မှန်ဘောင်နဲ့ခတ်တည်ရှိနေမယ်လို့
ခင်ဗျားတို့ထင်ကြလား။

အရွယ်ရောက်ပြီးသားယောကျာ်းတစ်ယောက်က
ကိုယ်နဲ့ဖြစ်တည်မှုခြင်းတူညီသည့် ယောကျာ်းတစ်ယောက်ကို
ထိတွေ့လိုစိတ် ပိုင်ဆိုင်လိုစိတ်ဆိုတဲ့
အရောင်ညစ်ညစ်စိတ်ရိုင်းတွေ
အချိန်ပြည့်ကိန်းအောင်းနေတယ်ဆိုတာ ယုံ။
မြတ်နိုးလွန်းလို့ တန်ဖိုးထားမှုတွေ ဖြစ်တည်မှုအားကြီးလွန်းလို့သာ
ဦးကို သားငယ် စိတ်ကူးထဲတွင် ပစ်မှားနေရုံသာ။
လက်ချောင်းများကို ဆပ်ပြာဖြင့်အကြိမ်ကြိမ်ဆေးကြောရင်း သက်ပြင်းမောချမိပြန်ရဲ့။

"သားငယ်"
ခေါ်သံနဲ့အတူ ပြန်ဝင်လာတဲ့အသိတရားကြောင့် ဦး ရှိရာအိပ်ခန်းသို့အပြေးအလွှား။

"အကျီင်္ထုတ်ပေးဦးလေ"
"ဟုတ်ကဲ့ပါခင်ဗျ"

ရင်ဘတ်ဖွေးဖွေးမှာတည်ရှိနေတဲ့ မှဲ့နက်လေးကိုလည်း မနာလိုဘူး
မျက်နှာလှလှပေါ်တည်ရှိနေတဲ့ မွှေးညှင်းကအစ အရေးအကြောင်းမျှင်မျှင်တွေကိုလည်း မကြည်ဖြူနိုင်ဘူး။
//သား ထက် ဦး နဲ့ ပိုနီးစပ်ခွင့်ရှိတဲ့ အရာခပ်သိမ်းအားလုံးကို မလိုချင်ဘူး ဦး//

"ချစ်တယ် ဦး"
"နားညည်းတယ် ခွေးပေါက်"

မချစ်နဲ့လို့ မတားဆီးသည်ကိုပင် အကြိမ်ကြိမ်ကျေးဇူးတင်မိရသူမို့
ထပ်တိုးပြီးချစ်မိတဲ့အခါ ဗွေမယူပါနဲ့ ဦး
အချစ်ပိုအောင် ပြုစားသူက ဦးရယ်လေ။

..................................................................

"ဒယ်ဒီ ဒီညနဲ့သားနဲ့အတူအိပ်ရအောင်"
"ဟေ ဘာလို့လဲ ရန်ရန် အိပ်မက်ဆိုးတွေမက်ပြန်ပြီလား"
"အိပ်မက်ဆိုးမက်မှ ဒယ်ဒီနဲ့အတူအိပ်ရမှာလား"

နှုတ်ခမ်းဆူကာ ပြောသောစကားကြောင့် ဟိန်းထက် ရန်ရန့်ပါးဖောင်းလေးကို ဆွဲဖျစ်ပစ်လိုက်သည်။

"မဟုတ်ရပါဘူးဗျာ ရန်ရန် အိပ်ချင်ရင် လာအိပ်လေ ဒယ်ဒီဆီ"
"ဟင့်အင်း ဒယ်ဒီလာအိပ် ရန်ရန် ဒယ်ဒီကုတင်ပေါ်မအိပ်ချင်ဘူး"

ဦးΌπου ζουν οι ιστορίες. Ανακάλυψε τώρα