"ဟား ဟား ဦး ယားတယ်ဗျ ဦးရေ ကြောက်ပါပြီဗျ "
တာရာ့ရဲ့ကလိထိုးမှုအောက်မှ လူးလှိမ့်ကာ ရယ်နေသော သူ။
တာရာရပ်လိုက်ပြီး သူပါးတွေကို လိမ်ဆွဲလိုက်သည်။
"မင်း ပါးဖောင်းဖောင်းတွေ ဘယ်ရောက်ကုန်ပြီလဲ သားငယ် ဆွဲလို့မကောင်းတော့ဘူး"
"ဒီလိုလေး လုပ်ပေးမယ်လေ ဆွဲလို့ရလား"
ပါးကိုဖောင်းကာထိုးပေးတော့ တာရာရယ်ကာ ခပ်ဖွဖွ ချလိုက်သည်။
"ကလေးပေါက်စ မှန်း ကိုယ်တော့မပူတော့ဘူး ဖယ် မျက်နှာသစ်ဦးမယ်"
"ဦးကို ကလိပြန်ထိုးမယ်"
တာရာ ခါးတစ်ဝိုက်ကို လက်ချောင်းတွေနဲ့ကစားနေတဲ့သူ
ခေါင်းကို ဒေါက်ခနဲထုချလိုက်တော့
"အား ဦးရ နာတယ်ဗျ"
"နာအောင် ထုတာလေ လုပ်မနေနဲ့ ငါမယားတတ်ဘူး ဖယ်စမ်းပါ ဗိုက်ဆာနေပြီ မနက်စာစားမယ်"
"မတရားလိုက်တာ သားကျ ယားရပြီး ဘာလို့ ဦးက မယားရတာလဲ
နည်းနည်းမှချစ်ဖို့မကောင်းဘူး"
"ဘာပြောတယ် "
"ဘာမှမပြောပါဘူး သားက ဟီး"
"ဦး သားနဲ့အတူရေချိုးမလား"
"ဘာကွ"
"ရေအတူချိုးမယ်ဆို ဟီး
သားကို ဦးရဲ့ပါပီလေးလုပ်ဆို ပါပီလေးကိုရေချိုးပေးသင့်တာပေါ့"
"မင်းက ပါပီကြီးကွ ပါပီကြီး
ထွက်စမ်းပါ ဘယ်ကိုအတင်းလာတိုးဝင်နေတာလဲ
ဟေ့ကောင် ပုဆိုးပြန်ဝတ်စမ်း!!!!"
ရယ်သံတွေဖုံးလွှမ်းသော ခုလို မနက်ခင်းကိုထပ်ကြုံတွေ့ရလိမ့်မယ်လို့ တာရာ အိပ်မက်မမက်ဖူးခဲ့။
ကျေးဇူးပါ ကလေး မင်းလိုချင်တဲ့ အချစ်တွေမပေးနိုင်ရင်တောင်
မင်းဘ၀လမ်းဖြောင့်ဖြူးဖို့ ဦး စောင့်ရှောက်မှာပါ.......။
....................................
ဒီလိုနဲ့ သားငယ် နဲ့တာရာ အတူနေဖြစ်ခဲ့ကြတယ်
အရောင်တွေမပါဘဲ အဖြူစင်ဆုံးသံယောဇဉ်တွေနဲ့ တစ်ရစ်ပြီးတစ်ရစ် အနက်ရှိုင်းဆုံး
ဦး - ၉
Start from the beginning