"တွေ့ချင်လို့"

"ဘာ..."

"သား ဦးနဲ့တွေ့ချင်လို့"

"တွေ့ပြီးတော့"

"နမ်းချင်လို့ !!! ဟင်းရည်အိုးနဲ့ မပက်နဲ့နော် သား မနက်ကမှ ခေါင်းလျှော်ထားတာ"

"ခွေးကောင် အကျယ်ကြီး ထမအော်နဲ့လေ"

တော်သေးသည် လူရှင်းလို့သာ မဟုတ်ရင် ဒင်းအသံကြောင့် အရှက်ကွဲလိုက်ရမည်ဖြစ်ချင်း။

"မင်းတော့ကွာ ဒါနဲ့ မင်းက ဘာလို့ငါ့ကိုဦးခေါ်နေရတာလဲ
ငါ့အသက်အဲ့လောက်လဲမကြီးသေးပါဘူး မင်းအသက်ဘယ်လောက်လဲ"

"၁၇ပြည့်တော့မှာ"

"အော် အတော်ငယ်သေးတာဘဲ ထားပါတော့ ငါလဲဦးလေးအရွယ်ရောက်နေပြီဘဲ
၁၇ ဆို မင်းကိုယ်မင်း သား သားနဲ့ပြောနေတုန်းဘဲလားကွ"

"သားနာမည်က သားမို့လို့ သားလို့ပြောတာ"

နားထဲကို တစ်ဆို့ပြီး ၀င်လာသော သားတွေကြောင့် တာရာအင်မတန်နားခါးသွားရသည်

"မင်းနာမည်က သား?"

"သားငယ်"

"ဟေ"

မျက်လုံးထဲတွင် အမွှေးဖွားဖွားကြီးဖြင့် သားငယ်လေးကို ပြေးမြင်လာသည်

"နာမည်ကြီးကလဲကွာ မင်းမိဘတွေပေးတာလား"

"ဟုတ် အမေက နာမည်စဉ်းစားရတာခက်လို့တဲ့ သားငယ်လို့ ဘဲ ခေါ်ရင်း ပေးလိုက်တာတဲ့"

အေး ကောင်းရောဘဲ
ပြန်စဉ်းစားမိတော့ တာရာ ဘာကြောင့် လွန်ခဲ့တဲ့ ခြောက်နှစ်က သားငယ်လေးကို ဘာလို့ သားငယ်လေးလို့ အမည်ပေးခဲ့မိတာပါလိမ့် အဲ့အချိန်တုန်းက အဲနာမည်လေးက ခေါင်းထဲဝင်လာခဲ့တာ ဘာကြောင့်ပါလိမ့်

"ဘာဖြစ်လို့လဲ ဦး"

သားငယ်လေးအကြောင်းတွေးမိတော့ သူအလိုလိုပြုံးမိသွားလေသည်။

"လှလိုက်တာ"

"ဟင် ဘာကလဲ"

"ဦးလေ"

"ဘာကွ"

"ဦး ပြုံးရင်လေ အရင်တုန်းကအတိုင်းဘဲ လှနေတုန်းဘဲ"

ဦးWhere stories live. Discover now