"လာစမ်းပါကွာ"

ကားတံခါးကိုဖွင့်ကာ သကောင့်သားကိုဆွဲချ ဆွဲခေါ်တော့ ဒင်းက ခြေစုံကန်ရုန်းနေသေးတာ
ရှည်လျားလှတဲ့ ဒင်းအရပ်ကြီးနဲ့ လူကောင်ကြီးကို တာရာက ဆွဲနေရသည်မှာ တော်တော့်ကို အမြင်ကြည့်ရဆိုးနေလောက်ပြီ။
ကားပါကင်က ဆိုင်ဝန်ထမ်းတစ်ချို့ ရယ်ကျဲကျဲ
သေနာလေး မင်းကြောင့် အရှက်ကွဲရတာများပြီ

"အင်းဟာ"

ဆွဲနေတဲ့ လက်ကို လွှတ်ချလိုက်တဲ့ အားနဲ့ရုန်းနေသော ဒင်း ဖင်ထိုင်ရက် ပြုတ်ကျလေသည်။

"အား ဦး သား ဖင်နာသွားပြီ"

"ဟ"

ခွီး ဆိုသော ရယ်သံတွေနားထဲကို ပလုံစီကာ ၀င်လာလေတော့သည်။

"မင်း ဆိုင်ထဲ ၀င်မှာလား မ၀င်ဘူးလား"

တာရာ ဒေါသသံနဲ့အော်လိုက်လေတော့မှ
အမြှီးကုတ်ကာ ဆိုင်ထဲလိုက်ဝင်လာလေတော့သည်။
မြန်မာပေါကားတော်တော်များများထဲမှာပါတဲ့ တောသားတွေ မြို့ပေါ်ကဆိုင်တွေထဲဝင်ရင် ဖြစ်တဲ့အထှာသိကြတယ်မဟုတ်လား
အိတ်ကလေးပိုက်ပြီး မျက်လုံးကလယ်ကလယ်လိုက်ကြည့်နေတာမျိုးလေ
အပြင်မှာ တကယ်ရှိတယ်ဆိုတာ ဒီသတ္တ၀ါနဲ့မှ ကိုယ်တွေ့ဘဲ
ကြားရက်မို့ လူရှင်းနေတာကြောင့်သာ တော်တော့သည်။
အရှင်းဆုံး ထောင့်စွန်းခုံကိုရွေးကာသာ မှာစရာရှိတာမှာပေးရ
စားဖို့ တန်ဆာပလာတွေ သွားယူလာပေးရနဲ့
တာရာတစ်ယောက် အိမ်ဖော်လိုလို ဖအေလိုလို ဖြစ်ရပါလေရော။
ဒီအကောင်နဲ့တွေ့ရင်ကို အကျိုးမပေးဘူး။

.....................ဦး........................

ဆာနေတဲ့ ဗိုက်ကို ပြည့်အောင်ဖြည့်ဖို့ ဆိုသည်မှာလဲ ရှေ့တည့်တည့်က စပ်ဖြီးဖြီးနဲ့ထိုင်ကြည့်နေတဲ့ သကောင့်သား
မျက်နှာကို မကြည့်မိစေဖို့လည်း လိုအပ်ပေသည်။

"ကဲ ပြောပါဦး မင်း ငါ့ဆီလာတဲ့ ကိစ္စ အဲ့ နမ်းတဲ့ကိစ္စဆို ရှေ့ကဟင်းရည်အိုးနဲ့မင်းမျက်ခွက်နဲ့မိတ်ဆက်သွားမယ်"

အဖြဲသားမျက်နှာနဲ့ ပါးစပ်ပြင်နေသဖြင့် တာရာပိတ်ပြောလိုက်တော့ နှုတ်ခမ်းဆူကာ ငြိမ်ကျသွားသည်။

ဦးWhere stories live. Discover now