အပိုင်း (၁၉)

1.6K 205 0
                                    

ဒါဒါလေးနှင့် မှော်ဝင်လောက (အပိုင်း-၁၉)

ဒီနေ့က ကျောင်းရဲ့ အားကစား ပွဲတော်နေ့၊

ဒါလေးတို့ ပထမနှစ်နှင့် ဒုတိယနှစ်တွေ ကွင်းအတွင်းသို့ ဆင်းလာခဲ့ကြသည်။ မီးလုံးလိမ့်ပြိုင်ပွဲ တစ်ဖွဲ့လျှင် လူခုနှစ်ယောက် ပါဝင်ရပြီး နှစ်ဖွဲ့ ပြိုင်ဆိုင်ရသော ပွဲဖြစ်ပြီး ထုံးစံအရ အသက်ဆယ်နှစ် ပြည့်ပြီးသားသူတွေသာ ဝင်ပြိုင်ရသည်။ အင်အားထက် စည်းလုံးပြီး အကွက်ကျစွာ ပြိုင်ဆိုင်ရသော ပွဲဖြစ်၏။

နှစ်ဖက် နေရာယူပြီးတော့ ဒါလေးကို နယ်လီက မီးတောက်ညှိပေးစဉ် ဒုတိယနှစ်တွေ အားလုံးကလည်း မီးတောက်ကို ညှိလိုက်ကြသည်။ ပြိုင်ပွဲစည်းမျဉ်းအရ ပြိုင်ပွဲဝင်သူ၏ မီးလုံးသည် မြေပြင်နှင့် မထိရ၊ မြေပေါ်ရှပ်တိုက် ပြေးနိုင်ပေမဲ့ မြေပြင်နှင့် ထိသည့်သူက ထွက်ရမည်။ မှော်လက်အစွပ်ကို မသုံးရ၊ မီးမငြိမ်းစေရ၊ အကယ်၍ မီးငြိမ်းပါက ထိုသူ ထွက်ရမည်။ ပြိုင်ပွဲဝင်တိုင်း၏ အဓိက လုပ်ဆောင်ရမည့် အချက်သည် ပြိုင်ဖက်အဖွဲ့၏ အဖွဲ့ဝင်များကို ပြိုင်ပွဲစည်းဝိုင်း အတွင်းမှ ထွက်အောင် တိုက်ရမည် ဖြစ်သည်။ ကိုယ့်ကို ဝင်တိုက်မည့် တစ်ဖက်မှ မီးလုံးကို လွှတ်အောင် ရှောင်ရမည် ဖြစ်ပြီး ပြိုင်ပွဲ စည်းဝိုင်းမှ ထွက်မသွားရအောင် ကိုယ့်ကိုကိုယ် ကာကွယ်ရမည် ဖြစ်သည်။ တစ်ဖက်အသင်းမှ လူတွေ အားလုံး စည်းအတွင်းမှ ထွက်သွားအောင် တိုက်ခိုက်ရမည် ဖြစ်ပြီး ပထမဆုံး လူကုန် ထွက်ရသည့် အသင်းက ရှုံးနိမ့်မည် ဖြစ်သည်။ ဆရာ ဂျက်က အနီရောင် အလံလေးကို ဝှေ့ယမ်းလိုက်ပြီး အနီးရှိ အသံမြည်စေသော သစ်ကိုင်းကို ချိုးလိုက်ရာ

"ကျွီး!!!"

သစ်ကိုင်းမှ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ အသံထွက်လာသည်နှင့် ပြိုင်ကွင်း အတွင်းရှိ ပြိုင်ပွဲဝင်များသည် မြေပြင်မှ ရှပ်ထိကာ ပြေးလွှားနေသော မီလုံးများ အဖြစ်သို့ ပြောင်းသွားကာ ဒုတိယနှစ်မှ လူများက ဒါလေးတို့ ပထမနှစ်သမားတွေကို ဝင်တိုက်ကြသည်။ ပွဲမစခင် ကတည်းက ဒရက်က ရှောင်တိမ်းဖို့သာ မှာထားသည်မို့ ဒါလေးတို့ လွှတ်အောင် ရှောင်တိမ်းရန်သာ အားထုတ်ကြသည်။ ဒါလေးက စည်းဝိုင်းအစပ်နားမှာ ရပ်နေကာ စင်ပေါ်သို့ မော့ကြည့်တော့ ဆရာကြီး ဘာဘဲလ်လာ နားတွင် ထိုင်နေသော ဖေဖေဇော်ဂန်က ဒါလေးကို ပြုံးပြ၏။ ထိုအားပေးသော အပြုံးတစ်ခုတည်းက ဒါလေးကို အားပေးသလို ခံစားရပေမဲ့ မယုံမရဲ ဖြစ်မိကာ ကြည့်နေမိသည်။ ရိပ်ခနဲ မျက်လုံး ထောင့်မှာ မီးလုံးတစ်ခုကို မြင်လိုက်ရတာမို့ ရှောင်တိမ်းဖို့ ပြင်လိုက်သော်လည်း စည်းအစပ်မှာ ရှိနေတာမို့ ဘာလုပ်ရမှန်းမသိပဲ ဖြစ်ကာ ကြောင်အသွားမိသည်။ သို့သော် မီးလုံးတစ်ခုက ဒါလေးကို ဆွဲယူကာ အပေါ်သို့ ဆွဲတင်လိုက်တာမို့ လှမ်းကြည့်လိုက်တော့ အာကာ၊

ဒါဒါလေး အပိုင်းဆက်မှော်လောကဇာတ်လမ်းWhere stories live. Discover now