အပိုင်း (၁၃)

1.9K 218 0
                                    

ဒါဒါလေးနှင့် မှော်ဝင်လောက (အပိုင်း-၁၃)

~ဆရာကြီးက ဒါလေးကို ဘာပြောမလို့ပါလိမ့်!!၊ ဒါလေးကို ကျောင်းမှာ မထားတော့ဘူး လို့ ပြောမှာလား၊ ဒါမှမဟုတ် တစ်ခုခု များလား~

စိုးရိမ် စိတ်ပူစွာဖြင့် ဆရာကြီးဘာဘဲလ်လာ၏ ရုံးခန်းသို့ အရောက်တွင် ပန်းပွင့်ပန်းဖတ်တွေ အလယ်ရှိ ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်ပြီး မြေပြင်က သိမ့်ခနဲ နိမ့်ဆင်းသွားကာ ဆရာကြီး ရုံးခန်းအတွင်းသို့ ရောက်သွားသည်။ ဆရာကြီးက ငါးမွေးထားသော ကျောက်ရေဇလားအတွင်းတွင် ငါးများကို အစာကျွေးနေရာမှ ဒါလေးကို လှည့်ကြည့်ပြီး

"ရောက်လာပြီလား ဒီငါးတွေက အစာမကျွေးလည်း သူတို့ နေလို့ ရတယ် ဒါပေမဲ့ အစာကျွေးတော့ သူတို့က ပိုပြီး ကြီးထွားလာတယ် ပိုပြီး သန်မာတယ်"

"ဆရာကြီး ဒါလေးကို ခေါ်တယ် ဆိုလို့"

ဆရာကြီးက ခေါင်းညိတ်လိုက်ပြီး ထိုင်ခုံ အပုလေးတစ်လုံးကို ညွှန်ပြကာ ထိုင်စေသည်။ ဆရာကြီးကတော့ စားပွဲဘေးရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး

"ဒါဒါလေး နာမည်ကလည်း အတူတူပဲ ပေးထားတာကိုး"

ဆရာကြီးက တီးတိုးရေရွတ်လိုက်ကာ ဒါလေးကို တည့်တည့် စိုက်ကြည့်လာပြီး စားပွဲပေါ်တွင် တင်ထားသော မြေပဲ လက်တစ်ဆုတ်စာကို နှိုက်ယူစားလိုက်ကာ ပန်းကန်ကို ဒါလေးရှေ့သို့ တွန်းပေးလိုက်ပြီး

"စားလေ မှင်စာတွေ စိုက်ပျိုးတဲ့ မြေပဲ စားကောင်းတယ် စိုက်ပျိုးရေး ပညာမှာ မှင်စာတွေကို ဘယ်သူမှ မမှီကြဘူး သူတို့က ပါရမီ ရှိကြတယ် တစ်စိုက်မတ်မတ် အားထုတ်ကြတယ်"

"ဟုတ်ကဲ့ပါ ဆရာကြီး ဒါနဲ့ ဒါလေးကို ခေါ်ရတဲ့ အကြောင်းက"

"ငါတို့ ပါရမီပါတဲ့ အကြောင်းလေး ပြောကြဖို့ပါ"

အခုကျမှ စိတ်ထဲမှာ သက်ပြင်းချနိုင်လိုက်သည်။ သို့သော် ဒါကိုတော့ ဒါလေး ရယ်လိုက်မိတော့မလို ဖြစ်သွားကာ

"ဒါလေးမှာ ဒရက်လိုမျိုး ပါရမီ မရှိပါဘူး ဆရာကြီး"

"သေချာပေါက် ဒရက်လိုမျိုး ပါရမီ မပါဘူး ဆိုတာ သိပါတယ် ဒါပေမဲ့ သူများနဲ့ မတူပဲ ထူးခြားတာတွေ မရှိဘူးလား"

ဒါဒါလေး အပိုင်းဆက်မှော်လောကဇာတ်လမ်းWhere stories live. Discover now