အပိုင်း (၇)

2K 241 5
                                    

ဒါဒါလေးနှင့် မှော်ဝင်လောက (အပိုင်း-၇)

ကျောင်းသားအားလုံး တချို့က ဂါထာတွေ ရွတ်ဆိုကြပြီး ကျောင်းဆောင် အတွင်းသို့ ဝင်သွားကြရာ အပြင်ဖက်တွင် ဒါလေး တစ်ဦးတည်းသာ ကျန်ရစ်ခဲ့၏။ နယ်လီက တစ်ကိုယ်လုံး ရေတွေ စိုရွဲနေတာမို့ ဒါလေးကို စိတ်မကောင်းသော မျက်နှာလေးဖြင့် ကြည့်ပြီးမှ တံခါးအတွင်းသို့ ဝင်သွား၏။ အားလုံးဝင်သွားပြီး မကြာမှီတွင် ဒရက်က ညအိပ်ဝတ်စုံဖြင့် ပြန်ထွက်လာပြီး ဒါလေးနားတွင် လာထိုင်ကာ

"မင်း အခုလို အချိန်မှာ ဘယ်သူ့ကို တွေ့ချင်လဲ"

"အခုချိန်မှာ ငါ့ကို အားပေးတဲ့ တစ်ယောက်တော့ လိုချင်တာ အမှန်ပဲ ဒါပေမဲ့ အားပေးမဲ့သူက ကြီးကြီးဝေ ဖြစ်စေချင်တယ်"

"မှော်မရှိ လောကကလား"

"ဟုတ်တယ် ငါတို့ လောကကလူ"

"မင်းရဲ့ ကိုယ်ပိုင်လောကက မှော်မရှိလောက မဟုတ်ဘူး ဒါလေး ဒီကျောင်းကို ရောက်နေကြတဲ့ သွေးတစ်ဝက်တိုင်းက မှော်ပညာရှင် ဖြစ်ချင်ကြတဲ့ သူတွေ ချည်းပဲ အဲ့တာကြောင့်"

"ငါ့က မှော်ပညာရှင် ဖြစ်လာပါ့မလားလို့ သံသယဖြစ်မိတယ် ငါ့ကို ဘယ်သူမှ မလိုချင်ဘူးလေ ငါကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ ဆယ်ဆာဗန်ကတောင် ငါ့ကို မလိုချင်ဘူး မဟုတ်လား"

"နေဝင်ပြီ ရေပေါ်ငါးမန်းတွေ ထွက်လာတော့မယ် မင်းက ကျောင်းဆောင် အမှတ်အသားမရှိဘူး ဆိုတော့ သိပ်ပြီး ကိစ္စ မရှိပေမဲ့ ငါကကျတော့"

"ငါနားလည်ပါတယ် မင်းပြောပြမဲ့ ပုံပြင်ကို နောက်မှပဲ နားထောင်တော့မယ် ကျောင်းခန်းထဲ သွားတော့လေ"

"မင်းအတွက် တစ်ခုခု ရှိမှာပါ အားမငယ်ပါနဲ့ ကိစ္စတိုင်းကို ဘာဘဲလ်လာက သိနေတယ် ပြီးတော့ ဆရာကြီး ဘာဘဲလ်လာကို ဘယ်မှော်ပညာရှင်မှ မတားမြစ်ရဲဘူး သူက အလိုရာ ကျိန်စာရဲ့ သက်ရောက်မှု ရှိတယ်လေ"

ပြောပြီးဝင်သွားတဲ့ ဒရက်ရဲ့ စကားကို သေချာ နားထောင်ပေမဲ့ ဒါကိုလည်း မသိသေးပေ။ ပတ်ဝန်းကျင်က ကြောက်ဖို့ကောင်းအောင် တိတ်ဆိတ်သွားပြီး ရေထဲတွင် အရောင်လက်နေသော ငါးများက ဟိုမှ ဒီမှ ရွေ့လျားနေကြသည်။ ဒါလေး ထိုနေရာမှ မခွာပဲ ရှိနေမိသည်။ အတော်ညနက်သွားပြီလား ဒါမှမဟုတ် ညမနက်သေးဘူးလား ဆိုတာကို မသိနိုင်ပဲ ရေတွေ မှောင်သွားတာကိုသာ တွေ့နေရ၏။ ပြီးတော့ အလင်းဓာတ်ပါသော ငါးတွေ ရေနေသတ္တဝါတွေ ရေထဲမှာ သွားလာနေတာကို မြင်နေရပြီး ကျောင်းဆောင်တစ်ခုလုံးက မှိတ်တုတ် မှိတ်တုတ် အလင်းများဖြင့် လှပနေ၏။ သို့သော် ထိုအလှ ဆိုတာတွေကို မခံစားနိုင်ပဲ အေးစိမ့်လာမှုကို တုန့်ပြန်နိုင်ရန် ကျောင်းဆောင်တံခါးရှေ့တွင် ရပ်လိုက် ခုန်လိုက် ပြီးတော့ လမ်းလျှောက်လိုက်ဖြင့် လုပ်နေရာမှ ပျင်းလာသဖြင့် နေရာမှ ထလိုက်ကာ ရေကန်ပေါ်သို့ တက်လာခဲ့လိုက်သည်။

ဒါဒါလေး အပိုင်းဆက်မှော်လောကဇာတ်လမ်းWhere stories live. Discover now