အခန်း (၉)

2K 239 2
                                    

ဒါဒါလေးနှင့် မှော်ဝင်လောက (အပိုင်း-၉)

"မင်္ဂလာပါ ကလေးတို့"

ဆရာမက ဖလိုင်းက ကျောင်းခန်းအတွင်းသို့ ပျံသန်းရင်း ဝင်လာသည်နှင့် ဆူညံပွက်နေသော ကျောင်းခန်းက ချက်ချင်း တိတ်ဆိတ်သွား၏။ လက်အစွပ် ကိုယ်စီဖြင့် အတန်းသားတိုင်းက စုံလင်နေပြီ ဖြစ်ပြီး ဆရာမ ဖလိုင်းက အတော်မြင့်မြင့်သို့ ပျံတက်သွားပြီး

"ဒီနေ့ စပြီး သင့်မဲ့ သင်္ခန်းစာက မင်းတို့တွေ မှော်ဂါထာတွေနဲ့ ဘယ်လောက်ထိ ရင်းနှီးကျွမ်းဝင် နေပြီလဲ ဆိုတာ သိမှ ဖြစ်မယ် မင်းတို့အတွက် ကာကွယ်ရေး ဘာသာရပ်က အသက်လိုပဲ အရေးကြီးတယ် သေချာ လေ့လာဖို့ လိုတယ်"

သေးငယ်သော လက်ချောင်းအစွပ် လေးဖြင့် ဆရာမက ဖလိုင်းက လေသံမာမာကို သုံး၍ စတင် စကားပြောကြားသည်။ ထို့နောက် နောက်သို့ လှည့်လိုက်ပြီး လက်ချောင်းလေးဖြင့် ဝှေ့ယမ်းလိုက်ရာ တိုက်ခိုက်မှု ပုံစံများ ပေါ်လာ၏။

"မင်းတို့ ကိုယ်ကို ဘယ်လို ကာကွယ်မလဲ မေးခွန်းတွေကို စပြီး မေးမယ်"

နယ်လီက သူမနားသို့ ကိုယ်ကို ကိုင်း၍ တိုးလာပြီးနောက်

"မင်းသိလား ဆရာမ ဖလိုင်းက အခုထိ အိမ်ထောင်မပြုရသေးဘူး ပြီးတော့ ထူးခြားတဲ့ စရိုက်တွေနဲ့ ပြည့်နေတယ်"

ဆရာမ ဖလိုင်း၏ သေးငယ်သော ဦးခေါင်းက သူမတို့ ရှိရာသို့ ရောက်လာသည် ဖြစ်ရာ ဒါဒါလေး ခန္ဓာကိုယ် မတ်သွား၏။ ပြီးနောက်

"မှင်စာ တစ်ဝက်လေး မနယ်လီ မင်းကို တခြားသူက ဂျွန်ဂတ် ကျိန်စာ နဲ့ တိုက်ခိုက်လာမယ် ဆိုရင် မင်း ဘယ်လို တုန့်ပြန်မလဲ သိလို့ရမလား မင်းတို့တွေက ငယ်သေးတယ် ဆိုပေမဲ့ ခက်ခဲတဲ့ ကျိန်စာတွေကို နားမလည်ရဘူး လို့ မဆိုလိုဘူးလေ ဖြေပါ နယ်လီ မင်းဘယ်လို တုန့်ပြန်မလဲ"

"အဲ့ဒီအကြောင်းအရာက သိပ်ပြီး မြင့်မားလွန်းတဲ့ သင်ခန်းစာလို့ ထင်ပါတယ် ဆရာမ ဖလိုင်း"

"ကောင်းပြီ စာသင်ခန်းထဲမှာ စကားမပြောရင်တော့ ပိုကောင်းမယ်နော် ဒါဒါလေး မင်းဆိုရင်ကော ဘယ်လို တုန့်ပြန်မလဲ"

ဒါဒါလေး အပိုင်းဆက်မှော်လောကဇာတ်လမ်းWhere stories live. Discover now