အခန်း (၆)

93 9 0
                                    

6 01

ဒါဒါလေးနှင့် မှင်စာရွာ (အပိုင်း-၆)

"ငါမလိုက်တော့ဘူး.."

"ဒရက်.."

"ငါ့ကို မယုံကြည်တဲ့ သူတွေ ကြားမှာ နေရတာက ငါ့အတွက် ပိုခက်ခဲနိုင်တယ်.. ဘီဂတ်စ် တစ်ကောင်နဲ့ ငါ တိုက်ခိုက်ဖူးတယ်.. မင်းတို့ သွားကြပါ.."

ဒရက်က ပြောပြီးသည်နှင့် ဆရာမရိုစီတို့ အနားသို့ သွားလိုက်ကာ နေရာချနေသော နေရာသို့ သွားလိုက်၏။ ထိုမြင်ကွင်းအရ ဒါလေး စိတ်ထင်နေတာတွေ မှားနေပြီလားဟု ထင်မြင်မိလေသည်။ သို့သော် နယ်လီ၏ အိမ်သို့သာ ဦးတည်လိုက်တော့သည်။ မနက်ဖြန်ဆို ဂရင်းဟဲလ်ကို လေ့လာရတော့မည်။

@@@@@@@@@@@

နယ်လီတို့အိမ်ကို လိုက်လာပြီးမှ ညပိုင်းရောက်တော့ ရွာယ်လေး ဆိုသော်လည်း ရွာရှိ အိမ်တိုင်းတွင် ပန်းကော်ဖီ အရွယ်အစားရှိသည့် မီးလုံးများကို အိမ်ခြံဝန်းအတွင်း အလည်တည့်တည့်တွင် လွတ်တင်လိုက်ပြီး အိမ်တစ်ခုလုံးအား လင်းထိန်စေသည်။ အိမ်ငယ် အတွင်း.. တွင်လည်း.. မီးလုံးငယ်တစ်လုံးအား လွှတ်တင်လျက် အိမ်တစ်ခုလုံးအား ထိန်ထိန်လင်းစေသည်။ ထို့ကြောင့်..

"ဒါတွေက ဘာတွေလဲ နယ်လီ.."

မီးထွန်းတဲ့ ပန်းပွင့်ကို လက်ညိုးလေး ထိုးလိုက်ပြီးမှ ဒါလေး နားမလည်သလို မေးလိုက်မိသည်။ နယ်လီက ထိုမီးပန်းလေးတွေကို မော့ကြည့်လိုက်ပြီးမှ..

"ဒါတွေက မီးထွန်းပန်းတွေလေ.. ငါတို့ မှင်စာရွာမှာပဲ ရှေးရိုးစွဲပြီး သုံးတယ်.. တခြားမြို့တွေက သိတဲ့အတိုင်းပဲ ရိုးရှင်းတဲ့ မှော်ပညာထက်ကို လှပသေသပ်တဲ့ မှော်မရှိတွေရဲ့ လက်ရာကို သုံးကြတယ်လေ.."

"ငါတော့.. အခုလို ရှေးရိုးစွဲတဲ့ မီးထွန်းပန်းတွေကို ပိုကြိုက်တယ်.."

နယ်လီက ပြူးစက်ဝိုင်းနေပြီး.. အဝါနုရောင် သန်းနေသော မျက်လုံးများကို ပြူးနေအောင် ကြည့်လာပြီးမှ နှုတ်ခမ်းပါးပါးလေးများ ပြဲသွားအောင် တစ်ချက် ပြုံးလိုက်သေးလျက်..

"မင်းက ငါတို့ မိဘတွေလိုပဲ ရှေးရိုးဆန်တယ်.."

"မင်းထင်နေတာပဲ နေမှာပါ.. ငါက မှော်မရှိဒေသမှာ နေရတဲ့ သူဆိုတော့.. လှပသေသပ်တယ် ဆိုတာတွေ ထက်ကို မှော်ဆန်တဲ့ အရာတွေကို ပိုပြီး သဘောကျတာ မဆန်းပါဘူး.. မင်းက မှော်ဝင်ဒေသမှာ နေတဲ့သူ ဆိုတော့ ဒီလို ပစ္စည်းတွေကို သဘောကျတတ်တာလည်း ထူးဆန်းတာမှ မဟုတ်တာ.."

ဒါဒါလေး အပိုင်းဆက်မှော်လောကဇာတ်လမ်းWhere stories live. Discover now